ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌအား ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ငွေပေးအပ်

 

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်း အောင်နှင့် ကော်မတီဝင်များ သြဂုတ် ၃ဝ ရက် မွန်းလွဲ ၂ နာရီက ကျန်းမာရေးချို့ယွင်းနေသည့် ကညင်မြိုင်ကျေးရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်အား ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ငွေများသွားရောက်ပေးအပ်စဉ်။

ဝင်းအောင်(မိုးကောင်း)


Read more

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၃ဝ

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့်ရပ်/ကျေးပါတီဝင် များနှင့် တွေ့ဆုံပွဲများဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁ဝနာရီမှ စတင်၍ မအူပင်မြို့နယ် ပန်းပင်စု ကျေးရွာအုပ်စုခွာလေးကျွန်းကျေးရွာ လေးကျွန်းစင်္ကြာဘုန်းတော်ကြီး ကျောင်း၌ ပန်းပင်စုကျေးရွာ အုပ်စုမှပါတီဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

အငြင်းပွားဖွယ် ပင်စင်ပြုပြင်ပြောင်းလဲမှုကို ဖြေလျှော့မှုတွေနဲ့အတူ ပူတင် အဆိုပြု

မော်စကို၊ သြဂုတ် ၃၀

ပြည်သူတွေ မကြိုက်တဲ့ ပင်စင်ပြုပြင်ပြောင်းလဲမှုကို ရုရှသမ္မတ ပူတင်ဟာ ဖြေလျှော့မှုအချို့နဲ့အတူ အဆိုပြုလာပါတယ်။

ခုလို လုပ်ဆောင်လာတာလည်း ပူတင်အနေနဲ့ လူထုထောက်ခံမှု ကျဆင်းလာနေတာကို တန့်ရပ်ဖို့ ကြိုးစားဟန်လည်း ရှိပါတယ်။

Read more

ယူကေမှာ ၁၈ နှစ်အောက်ကို အားဖြည့်အချိုရည်ရောင်းခွင့်ပိတ်ဖို့ စီစဉ်

အင်္ဂလန်မှာ အားဖြည့်အချိုရည်တွေကို ၁၈ နှစ်အောက် ကလေးတွေကို ရောင်းချခွင့် ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီအားဖြည့်အချိုရည်တွေမှာ သကြားနဲ့ ကဖင်းဓာတ် အများအပြား ပါဝင်ပြီး ဒါဟာ အဝလွန်ရောဂါနဲ့ တခြား ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့်လို့ ဆိုပါတယ်။

Read more

ယူကရိန်းစီးပွါးရေးကို မနှောက်ရှက်ဖို့ ကန်သတိပေး

Russian နှင့် Crimean ကို ဆက်သွယ်ထားတဲ့ တံတားတခု

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အစိုးရက သူတို့ယူဆချက်အားဖြင့် Azov ပင်လယ်နဲ့ Kerch ရေလက်ကြားတို့မှာ သွားလာနေတဲ့ နိုင်ငံတကာ ရေယာဉ်တွေကို ရုရှားတို့က ဟန့်တားနှောက်ယှက်နေတယ်လို့ ဆိုတာတွေကို ဆက်မလုပ်ဖို့ ကြာသပတေးနေ့က တောင်းဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံရဲ့ အဲဒီလုပ်ရပ်တွေဟာ ယူကရိန်းနိုင်ငံရဲ့စီးပွားရေး အားနည်းသွားစေဖို့ ကြိုးစားတာဖြစ်တယ်လို့ဆိုပြီး ရပ်ပစ်ဖို့ ပြောတာပါ။

Read more

မြန်မာကိုကာကွယ်တဲ့ တရုတ်နဲ့ ရုရှားကို Yang-hee Lee ဝေဖန်

မြန်မာ စစ်ခေါင်းဆောင်တွေကို ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို ကန့်ကွက်ခဲ့တဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်နဲ့ ရုရှားရဲ့လုပ်ရပ်ဟာ ပိုပြီး အပြစ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

Read more

ဗိုလ်ချုပ်ကြီးတွေကို အရေးယူရေး ကုလအတွင်းရေးမှူးချုပ် ပြော

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့တဲ့ မြန်မာတပ်ဖွဲ့ တွေရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေနဲ့ အဲဒီလို လုပ်ဆောင်ခဲ့မှုတွေအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီး ၅ ဦး ကို စွဲချက်တင် စစ်ဆေးရန် အကြံပေးချက်တွေကို အဖွဲဝင်နိုင် ငံတွေ လေးလေးနက်နက် စဉ်းစားကြဖို့ လုံခြုံရေးကောင်စီမှာ မနေ့က ပြောကြားလိုက်ပါတယ်။

Read more

အချက်အလက်ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာ မရိုးသားကြောင်း လုံခြုံရေးကောင်စီ၌ မြန်မာတုံ့ပြန်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်သည် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) ဒုက္ခသည်များ ဆိုးရွားစွာခံစားနေရမှုကို အဆုံးသတ်ရေး မြန်မာနိုင်ငံ နှင့်အတူကိုင်တွယ် ဖြေရှင်းရန် လုံခြုံရေးကောင်စီကို ဩဂုတ် ၂၈ ရက်တွင်တောင်းဆိုသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် တစ်နှစ်အကြာ အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တံခါးဖွင့်ဆွေးနွေးပွဲပြုလုပ်ရာ ကုလအထွေထွေ အတွင်းရေးမှူးချုပ်က ယင်းသို့ထည့်သွင်းပြောသည်။ ‘‘လက်ရှိအခြေအနေဟာ ဘင်္ဂါလီတွေဟာ သူတို့မူလဒေသ ဒါမှမဟုတ် သူတို့ရဲ့ရွေးချယ်မှုအရ လုံခြုံတဲ့၊ ဆန္ဒဂုဏ်သိက္ခာရှိတဲ့ သဘောဆန္ဒအလျောက် ပြန်လာ ခွင့်မျိုးမရရှိ သေးဘူးဆိုတာ ရှင်းလင်းပါတယ်။ မြန်မာအာဏာပိုင်တွေကို ကုလသမဂ္ဂနဲ့ ပူးပေါင်း လုပ်ဆောင်ရေး တိုက်တွန်း ပေးဖို့ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ကျွန်တော် တောင်းဆိုပါတယ်’’ ဟု ၎င်းကပြောသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက်အမှတ်စဉ်(၆/၂၀၁၈) ၂၀၁၈ခုနှစ်၊သြဂုတ်လ(၂၉)ရက် ၁၃၈ဝပြည့်နှစ်၊ဝါခေါင်လပြည့်ကျော်(၃)ရက်


Read more

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သစ်ရာကောက်တိုက်နယ်ရှိ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ

 

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော် နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးကျော်နိုင်စိုး၊ ဦးတင်ဌေးအောင် တို့သည် သစ်ရာကောက်တိုက်နယ်ရှိ ပါတီခေါင်းဆောင်များနှင့် ၃၀.၈.၂၀၁၈ နေ့ နံနက် (၁၀) နာရီတွင် တွေ့ဆုံ၍ ပုံမှန်လပါတ်အစည်းအဝေးပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများ ပြုလုပ်ခဲ့ကြပါသည်။

Read more