ကေအင်န်ယူ ဌာနချုပ်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်သည့် ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး) အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ် လော်ခီးလာဒေ သ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်ထိ သုံးရက်ကြာကျင်းပပြီး KNU အပါအ၀င် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက် ကိုင်သုံးဖွဲ့နှင့် ကရင်၊ မွန်၊ ကယားပြည်နယ်၊ ရန်ကုန်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းမှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ကရင်အမျိုး သား နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကော်မတီ (KNDCC) က သတင်းထုတ်ပြန်သည်။
Read more








