ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီ၏မူဝါဒ သဘောထားလုပ်ငန်းစဉ်များတင်ပြခြင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို စက်တင်ဘာလ ၈ ရက်နေ့ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား…

Read more

ဒဂုံ​မြောက်​ပိုင်း ပြည်​ခိုင်​ဖြိုးပါတီ၊ အမျိုးသမီး​ရေးရာအဖွဲ့ ဝတ်​ရွတ်​ပူ​ဇော်

 

ရန်​ကုန်​ စက်​တင်​ဘာ ၈။

ဒဂုံမြို့သစ်​ ​မြောက်​ပိုင်းမြို့နယ်​၊ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ ဖွုံ့ဖြိုး​ရေးပါတီ၊ အမျိုးသမီး​ရေးရာ ဝတ်​အဖွဲ့သည်​ ယ​နေ့​နေ့လည်​ ၁ နာရီက မြို့နယ်​ ပါတီရုံးတွင်​ ဘုရားရှင်​အား မဟာပဌာန်းမြတ်​ဖြင့်​ ဝတ်​ရွတ်​ပူ​ဇော်ခဲ့ကြပါသည်​။အဆိုပါ အမျိုးသမီးဝတ်​အဖွဲ့သည်​ ဝါတွင်းကာလပတ်​လုံးတွင်​ အပတ်​စဉ်​ အဖိတ်​​နေ့တိုင်း မပျက်​မကွက်​ ဝတ်​ရွတ်​ပူ​ဇော်​ကြပါသည်​။
မြို့နယ်​ ပါတီ​ကော်​မတီဝင်​ ဘဏ္ဍာ​ရေးမှူး ​ဒေါ်ဝင်းဝင်း​အောင်​မှ ဦး​ဆောင်​၍ မြို့နယ်​ပါတီ​ကော်​မတီဝင်​ ​ဒေါ်မာလာရည်​လွင်​၊ မြို့နယ်​ ပါတီ​ကော်​မတီဝင်​ ​ဒေါ်တင်​တင်​​အေးနှင့်​ ရပ်​ကွက်​ပါတီဥက္ကဌများ၊ ​ကော်​မတီဝင်​အမျိုးသမီးများနှင့်​ပါတီဝင်​အမျိုးသမီးများ၊ပါတီဝင်​လူငယ်​အမျိုးသမီး​လေးများပါတက်​​ရောက်​ ပူ​ဇော်​ခဲ့​ကြ​ကြောင်းသိရှိရပါသည်​။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဝေလွင် လူငယ်ပါတီဝင်စွမ်းအင်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပို့ ချပွဲအခမ်းအနား တက်ရောက်အားပေး

 

ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ပါတီဝင်စွမ်းအင်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပို့ ချပွဲအခမ်းအနားအားယနေ့  (၈.၉.၂၀၁၈)ရက်နေ့  နံနက်၉နာရီအချိန် မြို့ နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဦးဝေလွင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ ပြီး လူငယ်များနှင့်သက်ဆိုင်သော ဗဟုသုတများ လူငယ်များသိသင့်သိထိုက်သောဘာသာချက်များအား ဆွေးနွေးပို့ ချသွားမည်ဖြစ်ကြောင်း သိရသည်။

Read more

ယူအက်စ်အိုးပင်းဖလား ဆွတ်ခူးပြီး ဂျပန်နိုင်ငံသူ နာအိုမီ စံချိန်သစ်ရေးထိုး

ငယ်ဘဝကတည်းက အားကျခဲ့သော ဆရီနာဝီလျံကို ၆-၂၊ ၆-၄ ဖြင့် အနိုင်ရကာ ယူအက်စ်အိုးပင်း ဆွတ်ခူး နိုင်ခဲ့ပြီးနောက် နာအိုမီအိုဆာကာ (၂၀)နှစ်သည် ဂရင်းဆလမ်တစ်ဦးချင်း ဆုဖလားရရှိသော ပထမဆုံး ဂျပန်နိုင်ငံသူ ဖြစ်လာသည်။

ယခုပွဲစဉ်အနိုင်ရပါက ယူအက်စ်အိုးပင်းကို (၇)ကြိမ်မြောက် စံချိန်တင်ရရှိမည်ဖြစ်ပြီး သြစတြေးလျဂန္ထဝင် မာဂရက်ကောက်၏ ဂရင်းဆလမ်ဆုဖလား (၂၄)ကြိမ် စံချိန်ကို လိုက်မီမည်ဖြစ်သော်လည်း ဆရီနာဝီလျံသည် ပွဲကစားနေစဉ် နည်းပြ၏လမ်းညွှန်မှုကို ခံယူခဲ့သည်ဆိုကာ ဒိုင်လူကြီး ကားလို့စ်ရာမို့စ်က အမှတ်လျှော့ခဲ့သည်။

Read more

ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ဂျိုကိုဗစ် အနိုင်ရဗိုလ်စွဲပြီး ဂရင်းစလင်းပြိုင်ပွဲတွေမှာ ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်လာ

ဆားဘီးယားနာမည်ကြီး တင်းနစ်ကစားသမား နိုဗတ် ဂျိုကိုဗစ်ဟာ တနင်္ဂနွေနေ့က ယူအက်စ်အိုးပင်း အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ အာဂျင်တီးနားတင်းနစ်သမား ဟွမ်မာတင် ဒယ်လ်ပိုထရိုကို အနိုင်ရခဲ့ပြီး သူ့ရဲ့ ဂရင်းစလင်းပြိုင်ပွဲတွေမှာ ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။

Read more

ဆူဇူကီးပြိုင်ပွဲတွင် တောက်ပလာမည့် ကြယ်ပွင့် ကစားသမားစာရင်း၌ မောင်မောင်လွင်ပါဝင်

အာဆီယံဆူဇူကီးပြိုင်ပွဲ တရားဝင်ဝက်ဆိုက်တွင် မောင်မောင်လွင်အကြောင်း ဖော်ပြထားစဉ်

အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲတွင် တောက်ပလာ မည့် ကြယ်ပွင့်ကစားသမား ငါးဦး စာရင်း၌ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း  တိုက်စစ်မှူး မောင်မောင်လွင် ပါဝင်လာသည်။

အဆိုပါ ကစားသမား ငါးဦး စာရင်းကို အာဆီယံဆူဇူကီးပြိုင်ပွဲ တရားဝင်ဝက်ဘ်ဆိုက်တွင်ဖော်ပြ ထားပြီး မောင်မောင်လွင်နှင့်အတူ ဗီယက်နမ်ကစားသမား ငုယင်ကွမ်ဟိုင်း၊ မလေးရှားကစားသမား ဆာဖာဝီရာဆစ်၊ အင်ဒိုနီးရှား ကစားသမား စတီဖာနိုလီလီပယ်လီနှင့် ထိုင်းကစားသမား ဆူပက်ချော့ဆာရာချက်တို့   ပါဝင်ခဲ့ သည်။

Read more

မြောက်ကိုရီးယားစစ်ရေးပြပွဲ အခင်းအကျင်း သမ္မတထရမ့်ပ် ချီးကျူးပြောဆို

မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲအခမ်းအနား

 

အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်လက်နက်တွေ ထည့်သွင်း ပြသမထားတဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားဟာ ကြီးကျယ်သလို ဒါဟာ သိပ်ကို အပြုသဘောဆောင်တဲ့ ကြေညာမှုတခုဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ အရင် စစ်ရေးပြ အခမ်းအနားတွေမှာ မြောက်ကိုရီးယားက ဒီလိုလက်နက်တွေ ထည့်သွင်းပြသလေ့ ရှိပါတယ်။

Read more

အကြီးမားဆုံး သြစတြေးလျ ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံ ပထမအကြိမ် ပါဝင်

ဩစတြေးလျနိုင်ငံ၏ အကြီးမားဆုံး ရေတပ်စစ်ရေး လေ့ကျင့်မှုဖြစ်သော မဟာဗျူဟာ မြောက် ဒါဝင်ဆိပ်ကမ်းမြို့ ကမ်းလွန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ၂၇ နိုင်ငံမှ တပ်ဖွဲ့ဝင် ၃,၀၀၀ကျော်ေ လ့ကျင့်စဉ် တရုတ်နိုင်ငံသည် ယင်းလေ့ကျင့်မှု၌ ပထမအကြိမ် ပါဝင်ဆင်နွှဲနေသည်။

Read more

ကမ္ဘာပေါ်တွင် ဂျူးလူမျိုး လူဦးရေ ၁၄ သန်းရှိအထိရှိလာ

ယနေ့ ကမ္ဘာပေါ်တွင် ဂျူးလူမျိုး လူဦးရေ ၁၄.၇ သန်းအထိရှိလာကြောင်း၊ ယင်းအနက် ၄၅ ရာခိုင်နှုန်းမှာ အစ္စရေးနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း Israeli Hebrew University က စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။

Read more

ဂျပန်မှာ ၀က်ဝမ်းကျရောဂါဖြစ်လို့ ၀က်ကောင်ရေ ရာနဲ့ချီ သုတ်သင်

နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်မှာ ၀က်ဝမ်းကျရောဂါ ကူးစက်ဖြစ်ပွားနေတဲ့အတွက် တိရိစ္ဆာန်အကောင်ရေ ၆၀၀ ကျော်ကို သုတ်သင်သတ်ဖြတ်ခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဆက်လက်ပြီး ပြည်ပကို ၀က်သားတင်ပို့မှုကိုပါ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျပန်နိုင်ငံ အလယ်ပိုင်းက မွေးမြူရေးခြံတစ်ခုမှာ အဆိုပါ ကူးစက်မြန် ရောဂါ ဖြစ်ပွားမှုကြောင့် ၀က်ကောင်ရေ ၈၀ အထိ တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပါတယ်။

Read more