ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီပုံမှန်အစည်းအဝေးပွဲကျင်းပ

 

ကြို့ပင်ကောက် စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီတွင် မြို့နယ်ပါတီရုံး၌ ပုံမှန်လစဉ်အစည်းအဝေးကို ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းဇော်ထွန်းတက်ရောက်ကာ ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး ခရိုင်ပါတီကော်မတီဝင် ဦးကျော်မင်းထွန်းကလည်း ဆွေးနွေးသည်။

Read more

ခရိုင်ပါတီကော်မတီဝင်နှင့်အဖွဲ့ ဆိပ်မူကျေးရွာအုပ်စုတွင် နိုင်ငံရေးအခြေအနေများဆွေးနွေး

 

မိုးညှင်း စက်တင်ဘာ ၁၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီကော်မတီဝင် ဦးစိုင်းသိန်း ထွန်းနှင့် ဖားကန့်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်တို့သည် ယမန်နေ့နံနက်ပိုင်းက ဆိပ်မူ ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာနေ ဦးရေခဲနေအိမ်၌ ပါတီဝင်ဟောင်း ၆၃ ဦးတို့အား လက်ရှိနိုင်ငံရေး အခြေအနေများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးလှုပ်ရှားဆောင်ရွက်မှုအခြေ အနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားကြသည်။

Read more

မိုးကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

 

မိုးကုတ် စက်တင်ဘာ ၁၂

မိုးကုတ်မြို့ ရှမ်းစုရပ်မြို့မ ခန်းမ၌ ကျင်းပသော ဗဟိုအမျိုး သမီးညီလာခံအကြို မိုးကုတ်မြို့ နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲကကျင်းပရာ မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးအောင်ကျော်မိုး တက် ရောက်အားပေးချီးမြှင့်ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း (အခမဲ့)ကွင်းဆင်းကုသမှုဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်ပါတီကော်မတီမှ စီစဉ် ဆောင်ရွက်မှုဖြင့် ယမန်နေ့နံနက် ၉ နာရီက (၄၁)ရပ်ကွက် ပဒေသ ရာဇာလမ်းရှိ ရွှေညောင်ပင်ဓမ္မာရုံ တွင် ဖြိုးစေတနာသွားနှင့် ခံတွင်း ရောဂါဝေဒနာရှင်များကို ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်လှုပ်ရှားမှုတာဝန်ခံ မြို့နယ် ပါတီကော်မတီဝင် ဒေါက်တာဇော် လင်းပြုံး၊ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာခိုင်ဇင်အောင်နှင့်အဖွဲ့က ကုသမှုဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကုသမှုကို မြို့နယ်အတွင်း ရပ်ကွက်များသို့ တစ်လနှစ်ကြိမ် ကွင်းဆင်းကုသ ဆောင်ရွက်ပေးနေပြီး မြို့နယ်ပါတီ ရုံးတွင်တစ်ပတ်လျှင်နှစ်ကြိမ်အခမဲ့ ကုသမှုဆောင်ရွက်ပေးနေပြီးဝေဒနာ ရှင်ပေါင်း ၄၇၄ ဦးကို ကုသမှုပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Read more

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုအမျိုးသမီးထုတွေ့ဆုံပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုးသမီး ညီလာခံအားကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၁ဝ နာရီတွင် အမျိုးသမီးထုတွေ့ဆုံပွဲကျင်းပကြောင်း သိရသည်။အဆိုပါ အမျိုးသမီးတွေ့ဆုံပွဲ အား ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်ဒေါ် စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်အမျိုးသမီး တာဝန်ခံ ဒေါ်လဲ့လဲ့အေးတို့ တက် ရောက်ကြပြီး မြို့နယ်ပါတီကော် မတီနှင့်မြို့နယ်အမျိုးသမီးတာဝန်ခံ များ၊ရပ်ကွက်အမျိုးသမီးကော်မတီ ဝင်များ အင်အား ၇၅ ဦး တက် ရောက်ကြသည်။

Read more

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်ဥက္ကဌ| ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ| မြို့နယ်ဥက္ကဌ| မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

စက်တင်ဘာ- ၁၂ မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်ဥက္ကဌ| ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ| မြို့နယ်ဥက္ကဌ| မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီကနေ့မနက်(၁၀:၀၀)နာရီ အချိန်က တိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မ
တီဝင်တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက ရှေးဦးစွာအဖွင့်အမှာစကားပြောကြားပြီး တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိဂီင်္ဝင်းရွှေမှ အမျိုးသမီးညီလာခံကျင်းပရေးနှင့်ပတ်သတ်၍ ဆွေး နွေး တင်ပြခဲ့သည်။ ၄င်းနောက်ခရိုင်ပါတီဥက္ကဌများနှင့် ခရိုင်အမျိုးသမီးရေးရာတာဝန်ခံများ| မြို့နယ်ပါတီဥက္ကဌများမှ ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက်တွင် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးက လိုအပ်သည်များကိုဆွေးနွေးပြောကြားပြီး တိုင်းပါတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လည်(၀၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင်များ| ခရိုင်(၉)ခရိုင်နှင့်ခရိုင်(၅)ခရိုင်အတွင်းရှိ မြို့နယ်(၁၉)မြို့နယ်မှ ပါတီကော်မတီဝင်များ စုစုပေါင်း(၆၅)ဦးတက်ရောက်ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင် မောင်စိုးနှင့် ခရိုင်နှင့်မြို့နယ်ပါတီ ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော် မတီရုံးတွင် ကျင်းပကြောင်း သိရ သည်။

Read more

အယ်လ်ဗာရက်စ်နှင့် မကျေပွဲမှာ မိမိဘဝ၏ အကြီးမားဆုံးပွဲဟု လော့ဗ်ကင် ပြောကြား

သောလ်ကာနယ် လိုအယ်လ်ဗာရက်ဇ်နှင့် စနေနေ့ မကျေပွဲနွှဲရမည့်ပွဲစဉ်သည် မိမိ၏ လက်ဝှေ့သမားဘဝ တစ်လျှောက် အကြီးမားဆုံးပွဲဖြစ်သည်ဟု ဂျင်နာဒီဂိုလော့ဗ်ကင်က ပြောကြား သည်။

၂၀၁၇ စက်တင်ဘာက ယင်းမစ်ဒယ်ဝိတ်တန်း လက်ဝှေ့ ကျော်နှစ်ဦး၏ ပထမဆုံးပွဲသည် အငြင်းပွားဖွယ်သရေဖြင့် အဆုံးသတ်ခဲ့သည်။ ယင်းပွဲတွင် ဂိုလော့ဗ်ကင်က အချက်ရေအများ အပြားပို၍ ထိုးသတ်ခဲ့ပြီး ပို၍ အင်အား တောင့်တင်းသူဟု လက် ဝှေ့ဂုရုအများအပြားက သတ်မှတ် ခဲ့သည်။

Read more

တရုတ်-ရုရှား ဆက်ဆံရေး ပိုမိုတက်ကြွစွာဖွံ့ဖြိုးလာကြောင်း သမ္မတရှီ ပြောကြား

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ယမန်နေ့က ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြသည်။
နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် တရုတ်-ရုရှားဆက်ဆံရေးသည် ယခုနှစ်တွင် ပိုမိုတက်ကြွစွာ ဖွံ့ဖြိုးတိုးတက် လာပြီး ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိလာကာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာခဲ့ကြောင်း၊ နိုင်ငံတကာ အခြေအနေမည်သို့ ပြောင်းလဲဖြစ်ပေါ်စေကာမူ တရုတ်-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက်ရန် ခိုင်မြဲစွာ ဆောင်ရွက်ပြီး က္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေးကို ခိုင်မာစွာ ထိန်းသိမ်း သွားမည်ဖြစ် ကြောင်း သဘောတူခဲ့သည်။

Read more

ရေပြင်သဘာဝပတ်ဝန်းကျင် ကာကွယ်ရန် ထိုင်းမှာ မှတ်ပုံတင်မဲ့ စက်လှေအားလုံးကို ဖျက်ဆီး

ဘန်ကောက်၊ စက်တင်ဘာ ၁၃

ထိုင်းတာဝန်ရှိသူတွေဟာ ဘန်ကောက်မြို့အနီး သာချင်မြစ်ကမ်းပါးက မှတ်ပုံတင်မဲ့ စက်လှေရေယာဉ်များစွာကို စက်တင်ဘာ ၁၂ ရက်မှာ ဖျက်ဆီးကြပါတယ်။

ရေပြင်သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ခုလို ဖျက်ဆီးပစ်တာလို့ သိရပါတယ်။ အစိုးရ တိုင်းတာချက်တစ်ရပ်အရ ထိုင်းနိုင်ငံတွင်းမှာ မှတ်ပုံတင်မဲ့ စက်လှေရေယာဉ်ပေါင်း ၉၀၀ နီးပါး ရှိတယ် ဆိုပါတယ်။ ဒီအတွက် နိုင်ငံရဲ့ ငါးလုပ်ငန်းကို ကာကွယ်ရေးနဲ့ ပိုပြီးတိကျမှု ရှိစေရေးအတွက် မှတ်ပုံတင်မဲ့ စက်လှေရေယာဉ် တွေကို ဖျက်ဆီးပစ်တဲ့ လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

Read more