ဘာကြောင့် အသီးစိမ်ပြီး နှပ်ထားတဲ့ရေကို သောက်သင့်ပါသလဲ
(၁) Green Tea၊ ပူဒီနာရွက်၊ သံပုရာသီး တို့ စိမ်ထားတဲ့ရေဟာ အဆီကိုလောင်းကျွမ်းစေတယ်၊ အစာချေ စနစ်ကို ကောင်းစေတယ်၊ ခေါင်းကိုက်သက်သာစေတယ်၊ လန်းဆန်းစွာ အသက်ရှုရန် အထောက်အပံ့ ပေးပါတယ်။
(၂) စတော်ဘယ်ရီသီးနဲ့ ကီဝီသီးတို့စိမ်ထားတဲ့ရေဟာ နှလုံးသွေးကြောကိုပိုမို ကျန်းမာစေတယ်၊ ကိုယ်ခံ အားစနစ်ကို အကာအကွယ်ပေးတယ်၊ သွေးထဲရှိ သကြားဓါတ်ကိုထိန်းညှိပေးတယ်၊ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။
(၃) သခွါးသီး၊ သံပုရာသီး နဲ့ ရှောက်သီး တို့စိမ်ထားတဲ့ရေဟာ ခန္ဓာကိုယ်တွင်းရှိ ရေပမာဏကို ထိန်းညှိ ပေးတယ်၊ လေပွခြင်းကို ကာကွယ်ပေးတယ်၊ အစားစားချင်စိတ်ကို ထိန်းပေးတယ်၊ ရေဓါတ်ကို ဖြည့် ဆည်းပေးတယ်၊ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။
(၄) ရှောက်သီး၊ သံပုရာသီးနဲ့ လိမ္မော်သီး တို့စိမ်ထားတဲ့ရေဟာ အစာချေစနစ်ကို ကောင်းမွန်စေတယ်၊ Vitamin C ဓါတ်ကိုပေးတယ်၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်၊ (ပုံမှန် အခန်းအပူချိန်တွင် သောက် သုံးရန်)
အသီးစိမ်ပြီးနှပ်ထားတဲ့ရေဟာ ကိုယ်တွင်း အဆိပ်အတောက်ဖယ်ရှားခြင်းအတွက် ကောင်းစေပြီး ရေဓါတ်ကို ပြန်လည်ဖြည့်ဆည်းပေးပါတယ်။ ကိုယ်ကြိုက်သလောက် အသီးပမာဏကို ရေတွင် အနည်းဆုံး မိနစ် ၃၀ ခန့်စိမ်ပြီး သောက်သုံးနိုင်ပါသည်။
မှတ်ချက် – ရောဂါကုရန် ကုထုံးမဟုတ်ပါ။ ကျန်းမာစွာ နေထိုင်ခြင်းအတွက် အထောက်အကူ သက်သက်ဖြစ်ပါသည်။
Credit to: #Heather_Johnson