ထိုင်းနိုင်ငံက ပုဂံသို့ တိုက်ရိုက်လေယာဉ်ပျံသန်းရန် ကြိုးစားနေ

Bagan_%20%20%20745_preview

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားရာ ပုဂံဒေသသို့ တိုက်ရိုက် လေယာဉ် ပျံသန်း ပြေးဆွဲနိုင်ရေးကို ထိုင်းနိုင်ငံအနေဖြင့် ကြိုးစားလျက်ရှိကြောင်း အစိုးရတာဝန်ရှိသူ တစ်ဦးက မေ ၄ ရက်တွင် ပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ ရှေးဟောင်း ဘုရားစေတီဂူပုထိုးများ ၂၂၀၀ နီးပါး တည်ရှိသည့် ပုဂံဒေသသို့ တိုက်ရိုက် လေကြောင်းလမ်းကြောင်းသစ် ပြေးဆွဲနိုင်ရေးကို မကြာမီက ကျင်းပခဲ့သည့် ကက်ဘိနက် အစည်းအဝေး၌ ခရီးသွား လုပ်ငန်းနှင့် အားကစားဝန်ကြီး ကော့ကန်းဝတ်တာနာ့ရန်ဂကူက အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

Read more

Net Neutrality ကို အင်တာနက်အသုံးပြုသူများ နားလည်မှုနည်းပါးနေသည် ဟုဆို

13173703_1306567106025481_1387725139638316699_n

Net Neutrality ပတ်သက်၍ အင်တာနက် အသုံးပြုသူများအကြား နားလည်မှု နည်းပါးနေကြပြီး Zero Rating အဖြစ် အခကြေးငွေ ပေးစရာမလိုအပ်သော ဝက်ဘ်ဆိုက်များမှာလည်း စွန့်ဦးတီထွင်လိုသူများ အတွက် ဈေးကွက်ဝင်ရောက် ရန် အခက်အခဲ ဖြစ်ပွားစေသည်ဟု MIDO မှ မရတနာက ပြောသည်။ “ဥပမာ Facebook ကို အလကားသုံးလို့ရမယ်။ မြန်မာနိုင်ငံက Developer တစ်ယောက်က Facebook လို ဟာမျိုးတစ်ခု ထွင်မယ်။ ပိုကောင်းမယ်။ ဒါပေမဲ့ အလကားမရတဲ့ အတွက် လူတွေက အလကားရတာကိုပဲ သုံးကြမယ်။ ဒီဘက်က တီထွင်ရေးသားသူက ဆုံးရှုံးမှုတွေ ဖြစ်သွားရော။ ဈေးကွက်ထဲဝင်တိုးလို့ မရတော့ ဘူး” ဟု မရတနာက ဆိုသည်။

Read more

မြန်မာ့ကော်ဖီ အမေရိကန်ဈေးကွက်သို့ ပထမဆုံးအကြိမ် တင်ပို့မည်

illustration-photo-556732-coffee

မြန်မာ့ကော်ဖီကို ပထမဆုံးအကြိမ်ဖြစ် အမေရိကန်နိုင်ငံသို့ တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကော်ဖီ စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းသူများ အစုအဖွဲ့မှ သတင်းရရှိသည်။  မြန်မာနိုင်ငံမှ အရည်အသွေးမြင့် အာရေဘီကားကော်ဖီကို ၂၆တန်(ကွန်တိန်နာ ၂လုံး)တင်ပို့နိုင်ရန် သဘောတူထားပြီး စာချုပ်ကို ယခုလ အတွင်း ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့် က ပြောသည်။

Read more

SPA က ပြည်တွင်းရှိ အဖွဲ့ အစည်းလေးခုကို နည်းပညာများ ထောက်ပံ့

13173819_1306519172696941_6297658800852922205_n

ဂျာမနီအခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သည့် SAP သည် ပြည်တွင်းရှိ အဖွဲ့အစည်းလေးခုကို နည်းပညာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ Charity Oriented Myanmar (ဒါနရှေ့ဆောင်မြန်မာ) ၊ အာရုဏ်ဦး လူမှုတိုးတက်ရေး အဖွဲ့အစည်း၊ ကျေးလက်ဖွံ့ဖြိုးရေး Community Agency နှင့် KT Care စသည့် အဖွဲ့ အစည်း လေးခုအတွက် စီမံခန့်ခွဲမှုဆိုင်ရာတွင် နည်းပညာပိုင်းဆိုင်ရာများကို SAP က အကူအညီ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

Read more

ကျန်းမာရေးဝန်ကြီးဌာန၏ ရက်တစ်ရာစီမံချက်အရ ဆေးရုံတစ်ရာတွင် ကာကွယ်ဆေးထိုး ဆေးခန်းများ ဖွင့်လှစ်မည်

Children Hospital

ကျန်းမာရေးဝန်ကြီးဌာန၏ ရက်တစ်ရာစီမံချက်မှ ကာကွယ်ဆေးထိုးလုပ်ငန်းကို ပြည်သူများ လက်လှမ်းမီစေရန် ယခုနှစ်အတွင်း ဆေးရုံတစ်ရာတွင် ကာကွယ်ဆေးထိုး ဆေးခန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း နေပြည် တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။ ယင်းကာကွယ် ဆေးထိုး ဆေးခန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကလေး အထူးကုဆရာဝန် များရှိသည့် ခုတင်တစ်ရာ နှင့်အထက် ဆေးရုံများ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Read more

လက်စတာဘောလုံးသမား တစ်ဦးလျှင် မာစီးဒီးကားတစ်စီးရမည်

33CB8D0300000578-3574048-image-m-4_1462397114208

လက်စတာစီးတီးအသင်း ယခုနှစ်ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခြင်းကြောင့် အသင်းပိုင်ရှင် ထိုင်းလူမျိုးသူဌေးကြီး ၀ီချိုင်ဆိရိဗက်ဟန်နာပရာဘာ က ဘောလုံးသမား ၃၀ ဦးအား မာစီးဒီးကားတစ်စီးစီ ဆုချီးမြှင့်မည်ဖြစ်သည်။

တန်ဖိုး စတာလင်ပေါင် ၃၂,၆၇၀တန်ကြေးရှိ မာစီးဒီး B.class လျှပ်စစ်ကားတစ်စီးကို လက်စတာ ဘောလုံးသမားများအား  ဆုချီးမြှင့်မည်ဖြစ်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၀ီချိုင်အနေဖြင့် ပေါင်တစ်သန်းခန့်ကုန်ကျ မည်ဖြစ်သည်။

Read more

အိုလံပစ်မီးရှူးတိုင် ဘရာဇီးကို ရောက်ရှိ

89556527-55cb19df-c592-46ae-9ef9-7dfb1f5c5ebb

အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပမယ့် ဘရာဇီးနိုင်ငံကို အိုလံပစ်မီးရှူးတိုင် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဂရိနိုင်ငံမှ စတင် သယ်ဆောင်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှ ဘရာဇီးကို ရောက်ရှိခဲ့ပါတယ်။

အိုလံပစ်မီးရှူးတိုင်ကို သမ္မတ ဒီလ်မာ ရူဆပ်ဖ်က မီးထွန်းညှိပေးခဲ့ပြီး ဘရာဇီးနိုင်ငံတစ်ဝန်း အပြေးသမား ၁၂,၀၀၀ က လက်ဆင့်ကမ်း သယ်ဆောင်သွားမှာပါ။ ဘရာဇီး အိုလံပစ် အားကစားပြိုင်ပွဲတွေကို သြဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Read more

တံတောင်နှင့် တွက်သည့် ဖလာမီနီနှင့် ဆံပင်ပြန်ဆွဲသည့် ရောဘတ်ဟုသ် ၃ ပွဲပယ်ခံရ

Fellaini-and-Huth

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း အလယ်တန်း ကစားသမား ဖလာမီနီနဲ့ လက်စတာ အသင်း နောက်ခံလူ ရောဘတ်ဟုသ်တို့ကို အကြမ်းဖက်မှု အပြုအမှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

Read more

ချယ်လ်ဆီးနှင့် စပါးကို အက်ဖ်အေတရားစွဲဆို

chelsea-tottenham-stamford-

ချယ်လ်ဆီးနှင့် စပါးအသင်းတို့သည် တနင်္လာနေ့ကကစားခဲ့သော  နှစ်ဂိုးစီသရေကျ ခဲ့သည့် ပွဲအပြီးနှင့် ကစားနေစဉ်အတွင်း ၎င်းတို့၏ ကစားသမားများနှင့် အသင်းအရာရှိများကို ထိန်းချုပ်ရန် ပျက်ကွက်မှုစွဲချက် သုံးခုဖြင့် အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ်က နှစ်သင်းစလုံးအား တရားစွဲဆိုလိုက်သည်။

စပါးကွင်းလယ်လူ ဒမ်ဘီလီ ကိုလည်း ပွဲအချိန်အတွင်း ကြမ်း တမ်းသော လုပ်ရပ်အတွက် စွဲ ချက်တင်လိုက်သည်။

Read more

ဘရာဇီး အောက်လွှတ်တော် ဥက္ကဌ ရာထူးက ဆိုင်းငံ့ခံရ

84941984984

ဘရာဇီး နိုင်ငံမှာ ဩဇာကြီးတဲ့ အောက်လွှတ်တော် ဥက္ကဌ အက်ဒ်ဒွါးဒို ကူးညာကို ဘရာဇီး တရားရုံးချုပ်က တာဝန်ကနေ ဆိုင်းငံ့ လိုက်ပါတယ်။

ငွေကြေး မသမာမှု စွဲချက်တွေ နဲ့ ပတ်သက်ပြီး တရားရေး အာဏာပိုင်တွေက စုံစမ်းနေတာ တွေကို မစ္စတာ ကူးညာက အနှောင့်အယှက် ပြုခဲ့တယ်လို့ စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

Read more