သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုးပါတီ ပါတီစိတ်ကော်မတီများ ပြန်လည်ရွေးချယ်ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် တိုင်းဒေသကြီး၊ ခရိုင်ပါတီများ၏ လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ယခုနှစ် မေလအတွင်း ရပ်ကွက်ပါတီစိတ်ကော်မတီများ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဆောင်ရွက်လျက်ရှိရာ မေလ (၁၁) ရက် ညနေ ၅ နာရီမှ ည ၈နာရီထိ သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်တို့တွင် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းခဲ့သည်။

Read more

ဘားအံပြည်ခိုင်ဖြိုးရဲ့ သောက်သုံးရေဒါန

ပူပြင်းသောနွေရာသီဒဏ်ကြောင့် ကျေးလက်ဒေသ ကျေးရွာအများစုတွင် သောက်သုံးရေ အခက်အခဲများ   တွေ့ကြုံရေသဖြင့် ဘားအံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မေလ (၁၂) ရက်နေ့က ဘားအံမြို့နယ်အတွင်းရှိ မေတ္တာရပ်ကွက်၊ ဝိဇ္ဇာရပ်ကွက်၊ ပန်းမြိုင်စုံရပ်ကွက်နှင့် လွှမ်းမြတောင်ရပ်ကွက်များသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Credit – – Zaw Aung Htet

Read more

ပေါက်ခေါင်းတွင် ပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ယခုလ (၁) ရက်မှစ၍ ရပ်/ကျေး (၅၈) အုပ်စုသို့ အမာခံကေဒါများ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုလ (၁ဝ) ရက်ထိ (၃၁) အုပ်စု ကွင်းဆင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

Read more

မြန်မာ့ဒီမိုကရေစီခရီး၏ အလားအလာက အလှမ်းဝေးနေမည်လား ခရီးရောက်မြန်မည်လား

ရာစုနှစ်ဝက်ခန့် အာဏာရှင်အုပ်ချုပ်ရေးစနစ်ဖြင့် ဖြတ်သန်းခဲ့ရသော မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ အရပ်သားအစိုးရ တာဝန်ယူနေပြီဖြစ်သည်။ အဆိုပါအခြေအနေ အတွက် ပေးဆပ်ခဲ့ရသည့်အရာ များစွာလည်းရှိခဲ့သည်။ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန်အတွက် အရေးပါသောခြေလှမ်းမျိုး ဖြစ် လာသောကြောင့် မြန်မာနိုင်ငံ အနေဖြင့် ခက်ခဲမှုများကို ပိုမိုရင်ဆိုင်ရဖွယ်ရှိနေသည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း က အာဏာသိမ်းယူခဲ့ခြင်းဖြင့် စတင်ခဲ့သော မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲသည် ၁၉၉ဝ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမှုဖြင့် အပြောင်းအလဲ ဖြစ်မည်ဟု မျှော်လင့်ဖွယ်ရာဖြစ်ခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုခံခဲ့ရသည်။

Read more

အရွယ်တင်နုပျိုစေဖို့ “S” သုံးလုံးကို ရှောင်ကြစို့

အသက်အရွယ်ကြီးရင့်လာတာကို တားဆီးထားလို့မရသလို ရပ်တန့်လိုက်ဖို့လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ အသက်အရွယ်ထက် ပိုပြီးနုပျိုကျန်းမာနေအောင်တော့ လုပ်လို့ရပါတယ်။ နုပျိုလန်းဆန်းကျန်းမာဖို့ လုပ်သင့်တဲ့အချက်တွေ အများကြီး ရှိတဲ့အထဲက အရေးကြီးပြီး လူသတိမထားမိတဲ့အချက် (၃) ချက်ကို ဖော်ပြပေး လိုက်ပါရစေ။ အတိုကောက် S သုံးလုံးလို့ မှတ်သားကြတဲ့ Sun (နေ)၊ Stress (စိတ်ဖိစီးမှု)၊ Sugar (သကြားဓါတ်) စတာတွေကို မိမိခန္ဓာကိုယ်တွင်း ရောက်ရှိမှု နည်းနိုင်သမျှနည်းအောင် ရှောင်ရှားကြရမှာဖြစ်ပါတယ်။

Read more

မြစ်ကမ်းပြိုအန္တရာယ်စိုးရိမ်ရသည့် ကျေးရွာခုနစ်ရွာတွင် ကာကွယ်ရေးလုပ်ဆောင်မည်

မန္တလေးတိုင်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ အရေးပေါ်ကမ်းပြို ကာကွယ်ရေးပြုလုပ်ရန် လို အပ်သည့် ကျေးရွာ ခုနစ်ရွာကို ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ်းပြိုကာကွယ်ရန် စုစု ပေါင်းကျပ်သိန်း ၄၂၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း မန္တလေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

Read more

ကျောက်တန်းပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီကော်မတီများ ပြင်ဆင်ဖွဲ့စည်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ကျောက်တန်းမြို့နယ် တာဝန်ခံ ဒေါ်အေးမင်းမိုး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမောင်မောင်တာ၊ မြို့နယ်ပါတီကော်မတီ ၀င်များသည် မေလ (၁၂) ရက်နေ့က ကျောက်တန်းမြို့နယ် ရွာသစ်ကလေးကျေးရွာ၊ ကရင်ချောင် ကျေးရွာနှင့် ပန်းတောကျေးရွာများသို့ သွားရောက်၍ ရပ်/ကျေးပါတီကော်မတီများ ပြင်ဆင်ဖွဲ့စည်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

ရသေ့တောင်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ (၁၂) ရက် နေ့လည် (၁၂) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အဆင့် ပါတီညီလာခံကျင်းပနိုင်ရေးအတွက် စီမံချက်များ ရေးဆွဲခြင်း၊ ဆပ်ကော်မတီများဖွဲ့စည်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ပါတီကော်မတီဝင်များမှလည်း ညီလာခံကိစ္စနှင့် ရွေးချယ်ရေးအတွက် သိလိုသည်များအား မေးမြန်းပြီး လိုအပ်ချက်များအား ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

ရေတာရှည်ပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီများ ပြန်လည်ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ အလုပ်အမှုဆောင်များအဖွဲ့သည် ကြာအင်းကုန်း ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးအတွက် မေလ (၁၀) ရက်က ကြာအင်းကုန်းကျေးရွာသို့ သွားရောက်၍ အုပ်စုအတွင်းရှိ ဂွေးခုံ၊ ငှက်ပျောတော၊ ကိုးတန်း၊ ထန်းပင်ကုန်း၊ မြောင်းတူးနှင့် ဆောင်အိုင်ရွာများမှ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အုပ်စုခေါင်းဆောင်နှင့် ရွာခွဲခေါင်းဆောင်များအား ရွေးချယ်ပွဲ ပြုလုပ်ခဲ့ကြသည်။

Read more

လီဗာပူးလ်အသင်း၏ အကောင်းဆုံးဆုပေးပွဲတွင် ကော်တင်ဟို ဆု(၄)ခုရရှိ

563.6535

လီဗာပူးလ်အသင်း၏ ၂၀၁၅-၁၆ ရာသီအတွက် အကောင်းဆုံးဆုပေးပွဲတွင် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကော်တင်ဟိုက ဆု(၄)ခုအထိ ရရှိခဲ့ကြောင်း သိရှိရသည်။

ကော်တင်ဟိုသည် ပရိသတ်များရွေးချယ်သော အကောင်းဆုံးဘောလုံးသမားဆု၊ အသင်းဖော်များရွေးချယ်သော အကောင်းဆုံးဘောလုံးသမားဆု၊ မန်ယူနှင့် ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်မှ သွင်းဂိုးအတွက် အကောင်းဆုံးသွင်းဂိုးဆု၊ မန်စီးတီးနှင့်ပွဲမှ ခြေစွမ်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ဆုများကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

အကောင်းဆုံးလူငယ်ကစားသမားဆုကိုမူ ဂျာမနီကွင်းလယ်ကစားသမား အမ်မရီချန်က ရရှိခဲ့ကြောင်းလည်း သိရှိရသည်။

Read more