ဟိုချီမင်း ၊ အောက်တိုဘာ ၂
ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Tay Ninh ပြည်နယ်၌ ယနေ့ (အောက်တိုဘာ ၂ ရက်) နံနက်အစောပိုင်းတွင် ရထား နှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားရာ လူ ၆ ဦးသေဆုံးပြီး အခြား ၁ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဟိုချီမင်း ၊ အောက်တိုဘာ ၂
ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Tay Ninh ပြည်နယ်၌ ယနေ့ (အောက်တိုဘာ ၂ ရက်) နံနက်အစောပိုင်းတွင် ရထား နှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားရာ လူ ၆ ဦးသေဆုံးပြီး အခြား ၁ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင်းမှာ လှုပ်ရှားနေတဲ့ စစ်သွေးကြွအုပ်စုတွေကို နှိမ်နင်းဖို့ ပါကစ္စတန် အစိုးရပေါ် နိုင်ငံတကာ ဖိအားတွေ တိုးလာနေချိန်မှာပဲ၊ တချို့သော စစ်သွေးကြွအုပ်စု တွေက နိုင်ငံရေးပါတီအဖြစ် တည်ထောင် လာကြပါတယ်။


Milli Muslim League ပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် Mohammad Yaqoob Sheikh
မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်လတ်တလောအတွင်း စမ်းသပ်မှုများနှင့်စပ်လျဉ်း၍ ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် အီတလီနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို နိုင်ငံအတွင်းမှ နှင် ထုတ်မည်ဖြစ်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖာနို၏ အဆိုကို ကိုးကား၍ ရိုက်တာသတင်း ဌာနက ဖော်ပြသည်။
သို့သော် အီတလီသည် ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက် ထိန်းသိမ်းခြင်းသည် အသုံးကျသောကြောင့် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်မည် မဟုတ်ကြောင်း အယ်လ်ဖာနိုက အီတလီသတင်းစာ တစ်စောင်အား ပြော သည်။
ကာဒစ္စတန်၊ စက်တင်ဘာ ၂၈
အီရတ် ကာ့ဒ်လူမျိုးအများစုက အီရတ်မှ ကာဒစ္စတန်ဒေသ ခွဲထွက်သည့် လွတ်လပ်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေါင်း ၉၂ မဲကျော် ပေးခဲ့ကြကြောင်း စက်တင်ဘာ ၂၇ ရက်က ပထမဆုံးတရားဝင် ရလဒ်ကို ထုတ်ပြန်သည်။

မော်စကို၊ ရုရှား၊ စက်တင်ဘာ ၂၈
ရုရှားနိုင်ငံသည် သမိုင်းဝင်ပြယုဂ်အဖြစ် ၄င်းတို့၏နောက်ဆုံးပိတ်လက်ကျန် ဓာတုလက်နက်များကို ဖျက်ဆီးပစ် တော့မည်ဟု ရုရှားသမ္မတဗလက်ဒီမာပူတင်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းမရှိသည့် အမေရိကန်ပြည်ထောင်စုအား သူကပြစ်တင်ဝေဖန်ခဲ့သည်။


“ရုရှားလက်နက်တိုက်ထဲမှာ သိုမှီးထားတဲ့ နောက်ဆုံးပိတ်ဓာတုလက်နက်တွေကို ယနေ့မှာပဲ အပြီးတိုင်ဖျက်ဆီး ပစ်တော့မှာဖြစ်ပါတယ်” ဟု ပူတင်က ရုပ်သံမှတဆင့် ကြေညာခဲ့သည်။
သမ္မတ ထရမ့်က အမေရိကန်နိုင်ငံသမိုင်းမှာ အကြီးမားဆုံး အခွန်ဖြတ်တောက်မှုကြီး ဖြစ်လာမယ့် စီမံကိန်း တွေကို သူချမှတ် ရေးဆွဲလိုက်ပြီလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။


အခွန်ဖြတ်တောက်တဲ့ စီမံကိန်းကြောင့် အလုပ်လုပ်သူတွေ အများဆုံး အကျိုးအမြတ် ခံစားရမယ်လို့ သမ္မတထရမ့်ပြော
ဗန်ကောက် စက်တင်ဘာ၂၇
ထိုင်းဝန်ကြီးချုပ်ဟောင်းရင်လပ်ကို နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးက ဗုဒ္ဓဟူးနေ့တွင် ဆန်အမတော်ကြေး သုံးစွဲရာတွင် စီမံခန့်ခွဲရာ၌ ပေါ့ဆသည့်အတွက် ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။


ရင်လပ်ကို သြဂုတ် ၂၅ ရက်ကစပြီး တရားခွင်၌ တရားစွဲဆိုခဲ့ရာ ရင်လပ်မှာ ရုံးတော်သို့ လာရောက်ရန် ပျက်ကွက်ခဲ့သည်။ အံ့သြဖွယ်ရာပင် ၎င်းးကိုထောက်ခံသူများက တရားရုံးတွင် စုဝေးခဲ့ကြသည်။ ၄င်း၏ လက်ထောက်များက ရင်လပ်မှာ ထိုင်းနိုင်ငံမှ ထွက်ပြေးသွားပြီဖြစ်ကြောင်း ပြောခဲ့ကြသည်။
မြောက်ကိုရီးယားသည် အရှေ့ဘက် ကမ်းခြေတွင် စစ်တပ်များ နေရာရွှေ့ပြောင်း လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။


မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟိုက အမေရိကန်သည် မိမိတို့ကို စစ်ကြေညာထားပြီဟု ယူဆထားကြောင်းနှင့် ရန်စခြိမ်းခြောက်လာသည့် အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များကို ပစ်ချရန် အသင့်ရှိနေကြောင်း ပြောဆိုခဲ့ပြီးနောက် အရှေ့ဘက် ကမ်းခြေသို့ MiG-29 ဂျက်တိုက်လေယာဉ်များ၊ ဒုံးကျည်များနှင့် လောင်စာကန်များကို မြောက်ကိုရီးယားက ရွှေ့ပြောင်း နေရာချနေခြင်း ဖြစ်သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံဘဏ္ဍာရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်နေ့၌ မြောက်ကိုရီးယားနိုင်ငံ၏ လူအစု လိုက်အပြုံလိုက် သေစေနိုင်သော လက်နက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ထောက်ခံအားပေးခဲ့သည့် မြောက်ကိုရီးယားနိုင်ငံမှ ဘဏ် ၈ ခုနှင့် လူပုဂ္ဂိုလ် ၂၆ ဦးကို ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရီယတ်ဒ်၊ စက်တင်ဘာ ၂၇
ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးအား ကားမောင်းခွင့် ပိတ်ပင်ထားခြင်းကို ဖျက်သိမ်းကာ လာမည့်နှစ် ဇွန်လမှစပြီး ခွင့်ပြုသွားရန် ဆော်ဒီဘုရင် ဆာလမန်က စက်တင်ဘာ ၂၆ ရက်တွင် အမိန့်ထုတ်လိုက်သည်။
