မြောက်ကိုရီးယားအစိုးရပိုင် ၀ါဒဖြန့်ချီရေးတွေကို ထုတ်လွှင့်နေတဲ့ Uriminzokkiri ရုပ်သံလိုင်းကို လူမှုအဖွဲ့အစည်းတွေ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ချိုးဖောက်တယ်ဆိုပြီး Youtube အင်တာနက် စာမျက်နှာကနေ ဖယ်ရှားလိုက်ပါတယ်။


Uriminzokkiri ရုပ်သံလိုင်းမှ အစီအစဉ်တခု ထုတ်လွှင့်နေစဉ်
Youtube ကနေချမှတ်ထားတဲ့ လူမှုအဖွဲ့အစည်းတွေလိုက်နာရမယ့် လမ်းညွှန်ချက်ကို ချိုးဖောက်လို့ မြောက်ကိုရီးယားအစိုးရရဲ့ အဲဒီရုပ်သံလိုင်းကို ဖျက်သိမ်းလိုက်တယ်လို့ Youtube က ပြောပါတယ်။








