၂၀၀၃ ခုနှစ်က စတင်ပြီး နွားရူးရောဂါကူးစက်မှု ကာကွယ်ရေး အကြောင်းပြချက်နဲ့ ၁၄ နှစ်ကြာ တင်သွင်းခွင့် ပိတ်ထားတဲ့ အမေရိကန် အမဲသားတွေကို ဇွန်လကနေစတင်ပြီး တရုတ်နိုင်ငံကို ပြန်လည်တင်သွင်းခွင့် ပေးခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ရက် ၁၀၀ စီမံကိန်းရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အမေရိကန်အမဲသားတွေကို အခုလို ပြန်လည်တင်သွင်းခွင့် ပြုခဲ့တာပါ။










