
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် လက်ယာစွန်း လွှမ်းမိုးမှု ကန့်ကွက်သည့် ဆန္ဒပြပွဲအတွင်း လူထောင်ချီ ပါဝင်နေစဉ် (Markus Schreiber/AP)
လူမျိုးခွဲခြားဆက်ဆံရေးဝါဒကို ဆန့်ကျင်ရန်အတွက် ဆန္ဒပြလူအုပ်ကြီးသည် ဘာလင်သို့ အောက်တိုဘာ ၁၃ ရက်က ချီတက်လာခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒပြမှု၌ အနည်းဆုံး လူ ၁၅ဝဝဝဝ ခန့် ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အလွန်တရာ မအေးလွန်းသော ရာသီဥတုအောက်တွင် ချီတက်ဆန္ဒပြသူများသည် ဘရန်ဒန်ဘာ့ဂ်ျဂိတ်၌ မစုရုံးခင် မြို့ထဲတွင် ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။









