မက္ကဆီကို မြို့တစ်မြို့မှ ရဲတပ်ဖွဲ့ဝင်အားလုံးကို လက်နက်ဖြုတ်သိမ်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

မက္ကဆီကိုရှိ မြို့တစ်မြို့မှ မြို့ခံ ရဲတပ်ဖွဲ့ အားလုံးကို ရာထူးမှ ဆိုင်းငံ့ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
အေကာပယ်လ်ကို ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ၏ စိမ့်ဝင် ထိန်းချုပ်မှုကို ခံထားရကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာသည့်နောက် ဗဟို အစိုးရ ရဲတပ်ဖွဲ့က မြို့ခံ ရဲတပ်ဖွဲ့ဝင်များကို ထိန်းသိမ်းခဲ့သည်။

တရုတ်ဆိုက်ဘာအန္တရာယ် ရုရှားထက် စိုးရိမ်ဖွယ်ရှိ

တရုတ်နိုင်ငံရဲ့ ဆိုက်ဘာအင်တာနက် စွမ်းရည်ဟာ တနေ့တခြားပိုမို ကြီးထွားလာနေပြီး ကမ္ဘာမှာ ထိပ်တန်း ရောက်လာနိုင်တာကြောင့်၊ အမေရိကန် ရွေးကောက်ပွဲတွေကို နှောက်ယှက်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားနိုင်ငံထက်တောင် အန္တရာယ်ကြီးမားကြောင်း အမေရိကန်ထိပ်တန်း ထောက်လှမ်းရေး အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုဟာ ရည်ရွယ်ချက်ရှိရှိ၊ စနစ်တကျနဲ့ သိမ်သိမ်မွေ့မွေ့ ရှိတာကြောင့် ရုရှားလို နာမည်ပျက်မယ့် အခြေအနေမျိုးကို ရှောင်လွဲနိုင်ခဲ့ကြောင်းလည်း အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Dan Coats က ပြောဆိုခဲ့တာပါ။

အမေရိကန်လွှတ်တော်ရွေးကောက်ပွဲမှာ တရုတ်က ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေဟု ထရမ့် ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇

တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်ခွန်တွေ ချမှတ်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ နိုဝင်ဘာ ၆ ရက်မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်၏ ဈာပနအခမ်းအနားကျင်းပ

စက်တင်ဘာ ၂၆

ယနေ့မနက်မှာတော့ ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်ရဲ့ ဈာပနအခမ်းအနားကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ ဂူဗိမာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဈာပနအခမ်းအနားမှာ အကြီးအကဲပုဂ္ဂိုလ်တွေ၊ ဗီယက်နမ်ဒေသခံတွေ၊ စစ်သည်တွေဟာ ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဂါဝရပြုခဲ့ကြတာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ၊ ၂၇ ရက်မှာတော့ သမ္မတ ကျန်ဒိုင်ကွမ်ကို ၎င်းရဲ့ဇာတိမြေဖြစ်ရာ Ninh Binh ပြည်နယ်မှာ မြုပ်နှံသင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။

အီရန်အစိုးရကို ဖြုတ်ချဖို့ ထရမ့် လုံးပမ်းနေလို့ သမ္မတ ရိုဟာနီ ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆

အမရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် သမ္မတဟောင်း အိုဘားမားလက်ထက်မှာ အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံ ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီမှုကနေ ထရမ့်အစိုးရက နုတ်ထွက်သွားပြီးမှ သဘောတူညီမှုသစ်ရဖို့ ဆွေးနွေးမယ် ဆိုမျိုးဟာ လက်သင့်ခံစရာ မရှိကြောင်း ပြောကြားရင်းနဲ့ ခုလို စွပ်စွဲပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားကို ဆက်လက်ပိတ်ဆို့မယ်လို့ ထရမ့် ပြောကြား

လက်နက်ဖြုတ်သိမ်းဖို့စီစဉ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ သတ္တိကို အမေရိကန်သမ္မတ Donald Trump က မနေ့က ချီးကျူးလိုက်ပေမဲ့ နျူကလီးယားမဖြုတ်သိမ်းမချင်း ဆက်လက်အရေးယူ ပိတ်ဆို့ထားရမှာဖြစ်ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေတုန်းပါပဲလို့ ပြောကြားပါတယ်။

Instagram – ဖေ့စ်ဘုတ်ကနေ ခွဲထွက်မည်

Instagram ဖန်တီးခဲ့သူ တယောက်ဖြစ်တဲ့ Kevin Systrom

 

ကမ္ဘာကျော် Instagram အင်တာနက်လူမှုကွန်ယက်ကို Facebook ကုမ္ပဏီက ပိုင်တာပါ။ အခုတော့ Instagram ကိုဖန် တီးထူထောင်ခဲ့သူတွေက Facebook ကုမ္ပဏီကနေနုတ်ထွက်ေ တာ့မယ်လို့ တနင်္လာနေ့ကပဲ ကြေညာခဲ့ပါတယ်။ သူတို့ ကိုယ်ပိုင်လုပ်ငန်းသီးသန့်ထူထောင်ဖို့ ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။

နျူကလီးယား ဒုံးကျည်များကို ကာကွယ်ရန် ရဟတ်ယာဉ် အသစ်များ အမေရိကန် လေတပ် မှာယူ

နျူကလီးယား ဒုံးကျည်များကို ကာကွယ် စောင့်ရှောက်ရန်အတွက် အမေရိကန် လေတပ်က ရဟတ်ယာဉ် အသစ်များ အစားထိုး ဝယ်ယူသွားမည်ဟု သိရသည်။

လေတပ်သည် Boeing ကုမ္ပဏီထံမှ MH-139 အမျိုးအစား ရဟတ်ယာဉ်သစ် ၈၄ စီး ဝယ်ယူရန်အတွက် ဒေါ်လာ ၂.၃၈ ဘီလီယံ အသုံးပြုသွားမည်ဟု ဆိုသည်။ အမေရိကန်ပိုင် နျူကလီးယား ဒုံးကျည်များကို ကာကွယ်သည့် အစီအမံအတွက် လတ်တလောတွင် ဗီယက်နမ် စစ်ပွဲခေတ် ကတည်းက အသုံးပြုခဲ့သည့် UH-1N Huey ရဟတ်ယာဉ်များကို သုံးစွဲလျက် ရှိသည်။

တောင်ကိုရီးယားက အီရန်မှရေနံတင်သွင်းမှုကို ရပ်ဆိုင်း

တောင်ကိုရီးယားရှိ ကွန်တိန်နာအတင်အချဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

 

တောင်ကိုရီးယားနိုင်ငံက အီရန်နိုင်ငံမှရေနံတင်သွင်းမှုကို လုံးဝ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  အီရန် ရေနံဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၄င်းမှာ အမေရိကန်က နိုဝင်ဘာလတွင် အီရန်၏ရေနံတင်ပို့မှုကို ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက် ပြောဆိုပြီးနောက် အီရန်၏ရေနံတင်သွင်းမှုကို သုညအထိလျှော့ချခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်လာသည်။

ဟောင်ကောင်အမျိုးသားပါတီ ဖျက်သိမ်းခံရ

(ဟောင်ကောင်အမျိုးသားပါတီ HKNP ခေါင်းဆောင် Andy Chan ကို တွေ့ရစဉ်)

တရုတ်အစိုးရအနေနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်လာတာမှန်သမျှ ချေမှုန်းနေချိန်အတွင်း၊ ဟောင်ကောင်မှာ လုံးဝလွပ်လပ်ရေးကို ဦးတည်လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီတစ်ခုကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု နဲ့ မနေ့က ဖျက်သိမ်းလိုက်ပါတယ်။