
၂၀၁၉ တွင် ကျင်းပရန် မျှော်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ အဓိက အတိုက်အခံပါတီ Puea Thai Party က တနင်္ဂနွေနေ့တွင် ဘန်ကောက်မြို့ရှိ ရုံးချုပ်၌ ရာချီသော ပါတီအဖွဲ့ဝင် များကို ဖိတ်ခေါ်၍ ပါတီခေါင်းဆောင်သစ်များ ရွေးချယ်တင်မြှောက်ခဲ့သည်။
၂၀၁၄ မေလတွင် Puea Thai Party ပါတီ ဦးဆောင်သော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းကတည်းက ထိုင်းနိုင်ငံ ၌ နိုင်ငံရေးလှုပ်ရှားမှုများကို တား မြစ်ထားသည်။









