
အယ်လ်ဂျီးရီးယားနိုင်ငံမှာ ထောင်ချီတဲ့ ကျောင်းသားတွေ၊ တက္ကသိုလ်ပါမောက္ခတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ စုဝေးပြီး လက်ရှိသမ္မတ အက်ဒဲလ်လာဇစ် ဘူတီဖလီကာ ရာထူးက နုတ်ထွက်ဖို့ မတ်လ ၁၉ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ တက်ကြွလှုပ်ရှားသူတွေနဲ့ ထင်ရှားတဲ့ အတိုက်အခံတွေ ဦးဆောင်တဲ့ အဖွဲ့သစ်တဖွဲ့က စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ကြားဝင်မစွက်ဖက်ဖို့လည်း သတိပေးခဲ့ကြပါတယ်။









