ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရှမ်း(အရှေ့) ပြည်နယ်ကော်မတီဝင် ဦးဝီလ်ဆင်မိုး သည် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင်ပါတီကော်မတီဝင် ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးသောင်းကျော်၊ ဦးအောင်ထန်၊ မြို့နယ်(အရံ)ကော်မတီဝင် ဦးခင်မောင်လွင်နှင့် ပါတီလူငယ်အဖွဲ့၊ ပါတီအမျိုးသမီးအဖွဲ့ အင်အား (၂၀) ဦးတို့နှင့်အတူ အောက်တိုဘာ (၂၂) ရက်က မိုင်းကိုးအုပ်စု၊ ရန်ရှင်း(၄)ရွာနှင့် ရွာအနီးရှိ ရွာများ၊ တာလေ မြို့နယ် ရန်အောင်ရွာနှင့် ရွာအနီးရှိရွာများမှ ပါတီဝင်များနှင့် တွေ့ဆုံရန်နှင့် ကျေးရွာကောက်သစ်စားပွဲများသို့ တက်ရောက်ရန် သွားရောက်ခဲ့ပါသည်။













