ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် မိသားစုမှ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ သီတဂူစက္ခုဒါနဆေးရုံတော်အတွက် အလှူငွေတစ်သိန်းကျပ်ကို အောက်တိုဘာ (၂၃) ရက် နေ့လည်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် မိသားစုမှ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ သီတဂူစက္ခုဒါနဆေးရုံတော်အတွက် အလှူငွေတစ်သိန်းကျပ်ကို အောက်တိုဘာ (၂၃) ရက် နေ့လည်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး H.E Mr. Andrew Partick ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ (၂၆) ရက် မွန်းလွဲ (၁၄း၀၀) နာရီအချိန်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

(၂၅-၁၀၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၁၆-ခုနှစ်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး (ဖလား) ကလပ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ် များနှင့် ပါတီအပေါ် စိတ်ဝင်စားသည့်လူငယ်များမှ စုဖွဲ့၍ Lion Fc အမည်ဖြင့် အသင်းတစ်သင်းအဖြစ်ပါဝင်ကစားသွားမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီနှင့် NGWE KYAL PHYO CO;LTD Nearamit Contraction ကုမ္ပဏီတို့မှ အသင်းကို Sponsor ပေးထားကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် သည် အောက်တိုဘာ (၂၂) ရက် နေ့လည်ပိုင်းက မြို့နယ်ပါတီအတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ လိုက်ပါလျက် အင်္ဂမော် ကျေးရွာအုပ်စုရှိ ကျေးရွာစည်းရုံးမှူးနှင့် ကျေးရွာခွဲပါတီဝင်အား ကွင်းဆင်းသွားရောက် တွေ့ဆုံခဲ့သည်။

သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာအသီးသီးမှ လူငယ်များစုစည်း၍ ” “အစိမ်းရောင်တွဲလက်များ” လူငယ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် တွေ့ဆုံ မိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၂၅) ရက် နံနက် (၁၁) နာရီအချိန်တွင် သထုံမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော စည်းရုံးရေး စွမ်းဆောင်ရည်မြင့်မားမှုသင်တန်း (၁/၂၀၁၆) ကို အောက်တိုဘာ (၂၅) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာ (၂၃) ရက်က ဗဟိုအလုပ်အမှုဆောင် စီးပွားရေးတာဝန်ခံ ဦးသူရိန်ဇော် သည် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များမှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

လာမည့် ၂၀၁၇ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ကျင်းပရန်ရှိနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်၊ မျှတပြီး ပွင့်လင်းမြင်သာမှုရှိရှိ ကျင်းပသွားမည်ဖြစ်သလို မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် အိမ်တိုင်ရာရောက်(Door to Door) စနစ်ဖြင့် စာရင်းကောက်ယူသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲက်ေမရှင်ဥက္ကဌ ဦးလှသိန်းက ပြောကြားလိုက်သည်။ (more…)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် ယခုလ ၂၁ ရက်က လယ်ဝေးမြို့နယ် အနောက်ခြမ်း ဝေးလံခေါင်ပါးသည့် ကျေးရွာများ ဖြစ်သည့် လယ်တာကြီးကျေးရွာအုပ်စု၊ ဥသျှစ်လှိုင်းကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
