
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ပုဒ်မ ၁၄၄၊ အမိန့်အမှတ်(၅/၂၀၂၂)ဖြင့် ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်အား လိုက်နာခြင်းမရှိ၍ ထောင်ဒဏ် ၁ လချမှတ်ခံထားရသူ ၇ ဦး ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှသိရသည်။
တရားရုံးမှ ထောင်ဒဏ် ၁ လအမိန့်ချမှတ်ခံခဲ့ရသူ ၇ ဦးသည် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည့် ဇူလိုင် ၂၆ ရက်မှ စတင်ကာ စက်တင်ဘာ ၂၁ ရက်အထိ လူဦးရေစာရင်းဖြစ်ကြောင်း သိရသည်။









