
တိုယိုတာ မော်တော်ယာဉ်ကုမ္ပဏီ သီလဝါတွင် စတင်လည်ပတ်နေပြီး မော်တော်ယာဉ်အမျိုးအစား နှစ်မျိုးကို စတင်ရောင်းချလျက်ရှိကြောင်း မော်တော်ယာဉ်အရောင်းကိုယ်စားလှယ်အချို့က ပြောကြားသည်။
တိုယိုတာကုမ္ပဏီမှ စတင်ရောင်းချသည့် မော်တော်ယာဉ်အမျိုးအစားနှစ်မျိုးမှာ Hilux Revo နှင့် Hilux Adventure အမျိုးအစားတို့ဖြစ်ကြောင်း သိရပြီး မော်တော်ယာဉ်တန်ဖိုးမှာ ကျပ်သိန်း ၁၅၀၀ နှင့် ကျပ်သိန်း ၁၇၀၀ ရှိကြောင်း အရောင်းကိုယ်စားလှယ်အချို့က ပြောကြားသည်။









