၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်စာအုပ်များကို ဧပြီလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်အတွင်း သက်ဆိုင်ရာရုံးများသို့ လျှောက်လွှာများ တင်သွင်းနိုင်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်စာအုပ်များကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် (၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်အထိ) အတွက် ၂၀၂၃ ခုနှစ် ဧပြီလတွင် စတင်ရောင်းချမည်ဖြစ်ရာ ထီ စာအုပ် ဝယ်ယူရောင်းချလို သူများအနေဖြင့် ဖော်ပြပါအချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပါရှိသည်။






