
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ သူနာပြု/သားဖွား/နှီးနွှယ်သင်တန်း ကျောင်းတွေမှာ ၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်မယ့် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနဲ့ ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ် သင်တန်း (ဒုတိယအသုတ်)ကို လာမယ့်ဧပြီလ(၁၈ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ကျန်းမာရေး၀န်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကထုတ်ပြန်ပါတယ်။
အဲဒီ သူနာပြု-သားဖွားဒီပလိုမာသင်တန်း ဝင်ခွင့်အတွက်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် ရမှတ်တွေက (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ)(၃) ဘာသာ ရမှတ်ပေါင်းပေါ် မူတည်ပြီး ရွေးချယ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။









