ဇွန်လ ၁၈
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းစံပြကျေးရွာ၌ ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ၏ အခမဲ့ဆေးဝါး ကုသခြင်း၊ ကျေးရွာပါတီ ဆိုင်းဘုတ်တင်ခြင်း၊ စကားဝိုင်းဆွေးနွေးခြင်း၊ သက်ကြီးဘိုးဘွားများအား လိုက်လံကန်တော့ခြင်းများသို့ တက်ရောက် ခဲ့ပါသည်။



