နေပြည်တော် ဇွန် ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ပြည် ထောင်စုနယ်မြေ နေပြည်တော် ခရိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
နေပြည်တော် ဇွန် ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ပြည် ထောင်စုနယ်မြေ နေပြည်တော် ခရိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
မိုးကောင်း။ ဇွန် ၁၈
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်း အောင်နှင့် နယ်မြေ (၂) တာဝန်ခံ ဦးစိုးနွယ်နှင့် မြို့နယ်ကော်မတီဝင်များ အင်အား (၁၅) ဦးတို့သည် ယမန်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိုးကောင်းမြို့ ကျွန်းပင်သာအုပ်စု စံပါရီကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးအတွင်းရေးမှူး ဦးမောင်ထွန်း နေအိမ်တွင် ပါတီဆိုင်းဘုတ် စိုက်ထူခဲ့သည်။
ကြံခင်း၊ ဇွန် ၁၈
ယမန်နေ့ နေ့လည် ၁၁ နာရီက ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မဲဇလီကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့သည် ကျေးရွာသူ ကျေးရွာသားများ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြပြီး ကျေးရွာလိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြသည်။
ကနောင်၊ ဇွန် ၁၈
ယမန်နေ့ နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကနောင်မြို့ရှိ ရွှေမြင့်မိုရ်ခန်းမတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့သည် မြို့နေလူထုများ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြပြီး ဒေသ လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြသည်။
သိန္နီ ဇွန် ၁၇
သိန္နီမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခန်းမတွင် လူငယ်ရေးရာကော်မတီ အစည်းအဝေးကို ယမန်နေ့ ( ၁၀း၀၀) နာရီအချိန်တွင် ကျင်းပပြုသည်။
အစည်းဝေးသို့ ခရိုင်ပါတီ ဦးသန်းစိုး မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းစံအေး မြို့နယ်လူငယ်ရေးရာ တာဝန်ခံ ဦးးအိုက်မွန်းနှင့် ရပ်/ကျေးပါတီ လူငယ်မောင်မယ်များ (၂၇) ဦးခန့် တက်ရောက်ခဲ့ပါသည်။
လေးမျက်နှာ ဇွန် ၁၇
လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လေးမျက်နှာ မြို့ပေါ်ရှိ အမှတ် (၅) ရပ်ကွက် ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရပ်ကျေးပါတီရုံးဖြစ်သည့် လေးမျက်နှာမြို့ အမှတ် (၅) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရပ်ကျေးကော်မတီဝင် ဦရဲထွဋ် နေအိမ်တွင် ကျင်းပခဲ့ သည်။
စလင်း ဇွန် ၁၇
ဇွန်(၁၈)၊ ၂၀၁၉
ပင်လည်ဘူး ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီ ဥက္ကဋ္ဌများ တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နာယက ဦးမျိုးမြင့်၊ ပါတီ ဥက္ကဋ္ဌ ဦးဝင်းသိန်း၊ ခရိုင်ပါတီ ကော်မတီဝင် ဦးမြင့်ကျော်၊ အတွင်းရေးမှူး ဦးသောင်းဌေးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ဇွန် ၁၈
စဥ့်ကိုင်မြို့ ဥယျဉ်ကြီးကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ (၁၈.၆.၂၀၁၉) ရက်နေ့ နံနက် (၉ :၀၀) အချိန်တွင် ရပ်ကျေးပါတီ ကော်မတီဝင် ဒေါ်နီနီလှိုင်၏ နေအိမ်၌ စိုက်ထူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းနိုင် ဘဏ္ဍာရေးမှူး ဒေါ်ကြည်ကြည်မော်နှင့် ကော်မတီဝင်များ ရပ်ကျေးပါတီအဖွဲ့ များ စုပေါင်း၍ တင်မြောက်ခဲ့ပါသည်။#mgtunnaing