
ဥရုဂွေး – ပြင်သစ် / ဇူလိုင်(၆)ရက်နေ့ (သောကြာ) ည ၈:၃၀ နာရီ

ဥရုဂွေး – ပြင်သစ် / ဇူလိုင်(၆)ရက်နေ့ (သောကြာ) ည ၈:၃၀ နာရီ

အာရှအားကစားပွဲတွင် မြန်မာ၊ မြောက်ကိုရီးယား၊ ဆော်ဒီ၊ အီရန် တအုပ်စုတည်းကျ
မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာယူ – ၂၃ အသင်းတို့ကို ပူးတွဲကိုင်တွယ်နေသည့် ဂျာမနီလူမျိုး နည်းပြအန်တိုနီဟေး သည် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာယူ – ၂၃ အသင်းအတွက် လူရွေးချယ်ရန် ပြည်တွင်းလိဂ် ပွဲများလိုက်လံ ကြည့်ရှုလျက်ရှိပြီး ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း အတွက်ပါ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

စီရော်နယ်ဒို တစ်ယောက် ဂျုဗင်တပ်ကို ပေါင် ၈၈ သန်းနဲ့ ရောက်တော့မယ်လို့ သတင်းတွေ ထွက်နေချိန်မှာ ဂျုဗင်တပ်အမှတ်တံဆိပ်နဲ့ ကျောနံပါတ် ၇ ပါတဲ့ စီရော်နယ်ဒို နာမည်နဲ့ အကျီင်္ပုံတွေ အွန်လိုင်းပေါ်မှာ ပျံနှံလာခဲ့ပါတယ်။ ဒီအချိန်မှာ မန်ယူကလည်း စီရော်နယ်ဒိုရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး သာမန် ကစားသမား တစ်ဦးအတွက်တောင် ပေါင်သန်း ၆၀ လောက်အသာ လေးပေးနေရချိန်မှာ သူ့အတွက် ပေါင် ၈၈ သန်း ဆိုတော့ တကယ်သာရမယ်ဆိုရင် မန်ယူဘက်က မပေးနိုင်စရာအကြောင်း မရှိပါဘူး။ နောက်ပြီး ကစားသမားရဲ့ လစာက တစ်ပတ်ပေါင် ၅၀၀၀၀၀ ဆိုတာကိုလည်း မန်ယူက အေးဆေးပေးနိုင်ပါတယ်။ ဒိုလေးကလည်း အသင်းဟောင်းမန်ယူကို ပြောင်းခြင်တဲ့ဆန္ဒ ရှိနေတာပါ။

နိုင်ဂျီးရီးယားတွင် ဖခင်ဖြစ်သူ ပြန်ပေးဆွဲခံရပြီး ရဲတိုင်လျှင် ပစ်သတ်မည်ဆိုသော သတင်းကို ကြားသိရပြီးနောက် လေးနာရီအကြာ၌ နိုင်ဂျီးရီးယား အသင်းခေါင်းဆာင် ဂျွန်အိုဘီမီ ခေးလ်သည် အရေးကြီးသော အာဂျင်တီးနား နှင့်ပွဲတွင် ပါဝင်ကစားခဲ့သည်။
‘‘အဲဒီကိစ္စကို ကျွန်တော့် ခေါင်းထဲက ထုတ်ထားပြီး ကျွန်တော့်နိုင်ငံအတွက် အရင်ဆုံးသွားပြီး ကိုယ်စားပြုခဲ့ ပါတယ်’’ ဟု မီခေးလ်က ပြောသည်။ မီခေးလ် ကအသင်းမတည်မငြိမ် မဖြစ်စေ ရေး ယင်းသတင်းကို အသင်းဖော် များနှင့် နည်းပြကို အသိမပေးဘဲ အာဂျင်တီးနားကို ရင်ဆိုင်ခဲ့ သည်။

ပိုင်ရှင်က သတ်ဖြတ်ကာ ဆူရှီအဖြစ်စားသုံး ရန် ရောင်းချခဲ့သည်။
ရာဘီယိုဟု အမည်ပေးထားသော ယင်းရေဘဝဲသည် မှန်ကန်သော ကြိုတင်ဟောကိန်းများနှင့်အတူ အနာဂတ်ကို ကြိုသိကြောင်း ချီးကျူးခံခဲ့ရသည်။
သို့သော် ယင်းရေဘဝဲကို ဖမ်းဆီးရမိသည့် ငါးဖမ်းသမား ကီမီယိုအာဘေးက ၎င်းကိုယင်း သို့ အသုံးပြုခြင်းထက် အစားအ စာအဖြစ် ရောင်းချပါက ငွေပိုရ မည်ဟု ခံစားရသဖြင့် သတ်ဖြတ် ရောင်းစားခြင်းဖြစ်သည်။

လန်ဒန် – ကမ္ဘာ့ဖလားမှ စောစော စီးစီးထွက်ရသည့် အီဂျစ်အသင်းတိုက်စစ်မှူး မိုဟာမက်ဆာလက်သည် လီဗာပူးတွင် ငါးနှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
ဆာလက် (၂၆) နှစ်သည် ပြီးခဲ့သည့်နွေရာ သီကလီဗာပူးသို့ ပေါင် ၃၄ သန်းဖြင့် ရောက်လာပြီး ကလပ်အတွက် ၅၂ ပွဲ ကစားထားကာ ၄၄ ဂိုးသွင်းယူခဲ့သည်။ ၎င်း၏စာချုပ်သစ်သည် ၂၀၂၃ တွင် သက်တမ်း ကုန်မည်ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ပါဝင်ခြင်း မရှိပေ။

ဆွီဒင်-ဆွစ်ဇာလန်
(ည ၈ နာရီခွဲ)
ဂျာမနီ၊ မက္ကဆီကိုနှင့် တောင်ကိုရီးယားတို့ပါဝင်သော အုပ်စုတွင် ဆွီဒင်အုပ်စုပထမရခဲ့ခြင်းသည် ကံကြောင့် မဟုတ်ဘဲ ကြိုးစားမှု၏ ရလဒ်သာဖြစ်သည်။
ဂျာမနီကို နာကျင်အချိန်ပိုအနိုင်ဂိုးဖြင့် ရှုံးနိမ့်ပြီး မျှော်လင့်ချက်မဲ့သလိုဖြစ်ခဲ့သော်လည်း ဆွီဒင်သည် မက္ကဆီကိုကို သုံးဂိုးပြတ် အနိုင်ယူခဲ့ခြင်းက စိတ်ဓာတ်မာကျောမှုကြောင့်ဖြစ်သည်။ မျှော်လင့်ခံထားရခြင်း မရှိသောကြောင့် ဖိအားကင်းကင်း ကစားနိုင်ခြင်းက ဆွီဒင်အတွက် အားသာချက် ဖြစ်စေသည်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ တရားဝင်ငြင်းဆိုသွားတယ်လို့ သိရပါတယ်။ မနေ့ညက စပိန်လူထုရုပ်သံတစ်ခုဖြစ်တဲ့ TVE သတင်းဌာနဟာရီးရဲလ်မက်ဒရစ်အနေနဲ့ နေမာအတွက် PSG ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း (၃၁၀) နဲ့ ကမ်းလှမ်းလိုက်တယ်ဆိုပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နေမာအနေနဲ့ ပဲရစ်မှာ အဆင်မပြေ ဖြစ်နေတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လာလီဂါကို ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းများက ဖော်ပြခဲ့တာလည်း ကြာနေပြီ ဖြစ်ပါတယ်။

အိမ်ရှင်ရုရှားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရပြီးနောက် စပိန်နည်းပြ ဟီယာရိုနှင့် နောက်ခံလူပီကေးတို့ကို ရီးရဲလ်ပရိသတ်များက အဓိကဝေဖန်နေကြသည်။
ရီးရဲလ်က ခေါ်ယူခဲ့သည့် စပိန်နည်းပြဟောင်း လိုပါတီဂူကို ထုတ်ပယ်ခဲ့သည့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လူးဝစ်ရူဘီယာလက်စ်လည်း ဝေဖန်ခံနေရကာ ဂိုးသမားဒီဂီယာ၏ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်နေသည်။

ဘရာဇီး – မက္ကဆီကို
(ည ၈ နာရီ ခွဲ)
ဘရာဇီးအနေဖြင့် ယခုအချိန်ထိ ချန်ပီယံခြေစွမ်းမပြနိုင်သေးဘဲ ဆွစ်ဇာလန်၊ ကော်စတာ ရီကာနှင့်ပွဲတွင် ရုန်းကန်ခဲ့ရပြီး နေမာလည်း စွမ်းဆောင်ရည် ကောင်းမပြနိုင်သေးပေ။ သို့သော် ကော်တင်ဟိုက ဘရာဇီးအတွက် အကျိုးပြုနေသည်။