
ရှုံးပွဲမရှိချန်ပီယံများ၏ တိုက်ပွဲတွင် တစ်နိုင်ငံတည်းသား ရောဘတ်အီစတာကို အနိုင်ယူပြီး အမေရိကန် လက်ဝှေ့ သမား မစ်ကီဂါစီယာသည် WBC နှင့် IBF လိုက်ဝိတ် ချန်ပီယံခါးပတ်များကို တစ်ပြိုင်နက်တည်း သိမ်းကျုံး ဆွတ်ခူးခဲ့သည်။ ဇူလိုင် ၂၈ ရက်ညက အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့၌ ထိုးသတ်ခဲ့သော ယင်းပွဲတွင် ဒိုင်လူကြီးများ၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်နှင့်အတူ အသက် (၃၀) အရွယ် ဂါစီယာသည် ၎င်း၏ WBC ခါးပတ်ကို ကာကွယ် နိုင်ခဲ့ပြီး အီစတာ၏ IBF ခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။









