
ဖီဖာကမ္ဘာ့ဖလား ပုံတူရုပ်တုများထဲတွင် ဝှက်၍ သယ်ဆောင်လာသော ဆေးခြောက်နှင့် ကိုကင်းအများအပြားကို ဖမ်းဆီးကာ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတစ်ဂိုဏ်းကို ဖြိုခွင်းခဲ့ကြောင်း ဗျူနိုအေရိစ်မြို့ လုံခြုံရေး ဝန်ကြီးက ပြောသည်။
မူးယစ်ဆေးဝါးရောင်းဝယ်သူအချို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလကိုအသုံးချကာ ပုံတူရုပ်တုများထဲ၌ မူးယစ်ဆေးဝါးများ ဝှက်၍ သယ်ဆောင်လာစဉ် အာဂျင်တီးနားရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း ဖြစ်သည်။









