
ကမ္ဘာ့အားကစားလောကမှ ထူးချွန်ကစားသမားများကို ရွေးချယ်၍ နှစ်စဉ်ချီးမြှင့်လေ့ရှိသော Laureus ထူးချွန်ဆု၏ ယခုနှစ်ဆု ချီးမြှင့်ပွဲတွင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မက်ဆီနှင့် ဟာမီလ်တန်တို့ ပူးတွဲရရှိခဲ့ကြသည်။ အဆိုပါဆုပေးပွဲသည် တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးဆု၊ တစ်နှစ်တာအကောင်းဆုံး အသင်းဆုနှင့် ဆိုးရွားသည့်အခြေအနေမှပြန်လည် ရုန်းထအနိုင်ဆုံးဆု၊ မထင်မရှား အခြေအနေမှ ထိုးဖောက်အောင်မြင် မှုယူနိုင်ဆုံးဆုတို့ကိုလည်း ချီးမြှင့်လေ့ရှိသည်။









