
နာမည်ကြီး ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာသည် ၂၀၁၉ သြစတြေးလျ အိုးပင်းပြိုင်ပွဲနောက်ပိုင်း ပန်ပစိဖိတ်အိုးပင်းနှင့် တရုတ်အိုးပင်းပြိုင်ပွဲ နှစ်ပွဲသာ ချန်ပီယံဆုထပ်မံရယူနိုင် ခဲ့သော်လည်း ကမ္ဘာကျော် တင်းနစ် အေဂျင်စီ IMG နှင့် လက်တွဲခွင့်ရခဲ့သလို Nike၊ Nissan Motor၊ Shiseido၊ Yonex စသည့်ကုမ္ပဏီ များနှင့်လည်း တစ်နှစ်လျှင် ဒေါ်လာ သန်းချီတန်ဖိုးရှိသည့် စပွန်ဆာစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ၄င်းသည် သမိုင်း တစ်လျှောက် တစ်နှစ်ဝင်ငွေအများဆုံး အမျိုးသမီးအားကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။









