
ငါးနာရီနီးပါး ကစားပြီး ရုရှားကစားသမား ကမ္ဘာ့အဆင့်(၅) မက်ဗီဒက်ကို ရ-၅ ၊ ၆-၃၊ ၅-၇၊ ၄-၆၊၆-၄ နဲ့ နာဒယ် အနိုင်ရပါတယ်။ စက်တင်ဘာ(၉)ရက် နံနက်အစောပိုင်းက ကစားတဲ့ ယူအက်စ်အိုးပင်း တစ်ဦးချင်း အမျိုးသားဗိုလ်လုပွဲမှာ စပိန်ကစားသမား ကမ္ဘာ့အဆင့်(၂)နာဒယ်က အနိုင်ရတာပါ။ဒါဟာ ကစားသမားဘ၀ (၁၉)ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပြီး၊ယူအက်စ်အိုးပင်း ပြိုင်ပွဲမှာ(၄)ကြိမ်မြောက်ဗိုလ်စွဲနိုင်တာ ဖြစ်ပါတယ်။
အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲမှာတော့ ဘီလာရုစ်က အဇာရန်ကာနဲ့ သြစတေးလျ က ဘာတီ တို့အတွဲကို ရိုမေးနီးယားက မာတန် နဲ့ ဘီလာရုစ်က ဆာဘာလန်ကာ အတွဲက ၇-၅၊၇-၅ နဲ့ အနိုင်ရပါတယ်။

ယူအက်ဖ်စီ(UFC)လိုက်ဖ်ဝိတ်တန်းချန်ပီယံ ရုရှားနိုင်ငံသား ခါဘစ်နာမာဂိုမီဒေါ့ဗ်ဟာ စနေညကထိုးသတ်ခဲ့တဲ့ပွဲမှာ စိန်ခေါ်သူ အမေရိကန်နိုင်ငံသားဒက်စတင်ပွိုင်ရီယာကို အနိုင်ယူပြီး ချန်ပီယံဆုကိုဆက်ထိန်းနိုင်ခဲ့ပါတယ်။ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီးပွဲစကတည်းက နာမာဂိုမီဒေါ့ဗ်ဟာ သူအားသာတဲ့ အချုပ်အလှဲနဲ့ အတူ ဒက်စတင်ပွိုင်ရီယာကို အနိုင်ယူဖို့ကြိုးစားခဲ့ပါတယ်။ ဒုတိယအချီအစမှာတော့ ဒက်စတင်ပွိုင် ရီယာက အချုပ်မခံတော့ပဲ ခွာကစားခဲ့လို့ နာမာဂိုမီဒေါ့ဗ်ကစားရခက်ခဲ့ပါတယ်။ တတိယအချီအရောက်မှာတော့ ပွိုင်ရီယာဟာ နာမာဂိုမီဒေါ့ဗ်ရဲ့အချုပ်ကွက်မိခဲ့ပြီး အရှုံးပေးသွားခဲ့ရတာဖြစ်ပါတယ်။ အခုပွဲအနိုင်ရခဲ့တာကြောင့် နာမာဂိုမီဒေါ့ဗ်ဟာကစားသမား ဘ၀(၂၈)ပွဲကစားထားရာမှာ ပွဲတိုင်းအနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့သလို (UFC)လိုက်ဖ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကိုလည်း ဒုတိယအကြိမ်မြောက်အဖြစ် ကာကွယ် သွားနိုင်ခဲ့ပါတယ်။






