
ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးအပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဩစတင်က အတည်ပြုလိုက်ပါတယ်။ ဘရပ်ဆဲလ်မြို့မှာ ကျင်းပနေတဲ့ နေတိုးအဖွဲ့ ကာကွယ်ရေးဝန့်ကြီးများ အစည်းအဝေးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အခုလို အတည်ပြု ပြောဆိုသွား တာပါ။ ဒီအကူအညီထဲမှာ သင်္ဘောဖျက် ဒုံးကျည် ၊ ဟောင်ဝစ်ဇာ အမြောက်နဲ့ လက်နက်ကြီးတွေ ပါဝင်မှာဖြစ် တယ်လို့ ပြောပါတယ်။ အဲဒီလက်နက်စာရင်းတွေထဲမှာ ယူကရိန်းသမ္မတ ဇယ်လန်စကီး အရေးပေါ် တောင်းခံ နေတဲ့ လက်နက်တွေလည်း ပါဝင်နေပါတယ်။ အစည်းအဝေးမှာ လွိုက်ဩစတင်က အနောက်အုပ်စုအနေနဲ့ ယူကရိန်းကို စစ်လက်နက်တွေ အမြန်ပံ့ပိုးပြီး ရုရှားနဲ့ စစ်မက်ရင်ဆိုင်နေတဲ့ ယူကရိန်းကိုကူညီရာမှာ ကတိကဝတ် တွေကို သက်သေပြဖို့လည်း သတိပေး တိုက်တွန်းသွားခဲ့ပါတယ်။ -Ref:AFP






စစ်အေးခေတ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ တစ်ကမ္ဘာလုံးမှာ နျူးကလီးယားလက်နက်တွေ တိုးတက်များပြား လာနိုင်ကြောင်းနဲ့ နျူလက်နက်တွေ အသုံးပြုနိုင်တဲ့အန္တရာယ်လည်း ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးဖြစ်နေကြောင်း ပဋိပက္ခနဲ့လက်နက်တပ်ဆင်ရေးကို စောင့်ကြည်လေ့လာနေတဲ့ ပညာရှင်အဖွဲ့ တစ်ဖွဲ့ကပြောပါတယ်။