
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာရော့ဗ်သည် လာမည့်အပတ်အတွင်း အင်ဒိုနီးရှား၌ ကျင်းပမည့် G20 အစည်းအဝေးကို မတက်ရောက်မှီဗီယက်နမ်နိုင်ငံသို့ နှစ်ရက်တာ ခရီးစဉ်အဖြစ် ဇူလိုင်လ ၅ ရက်မှ ၇ရက်နေ့ထိ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း ဗီယက်နမ် အစိုးရက ပြောကြားခဲ့သည်။
လာရော့ဗ်အား ၎င်းတို့နှစ်နိုင်ငံ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး(၁၀) နှစ်မြောက် အထိမ်းအမှတ်အဖြစ် လာရောက်ရန် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗွီတန်ဆွန်း က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။









