
မြောက်ကိုရီးယားအာဏာရပါတီဖြစ်သော အလုပ်သမားပါတီ၏ ပေါ်လစ်ဗျူရို အစည်းအဝေးကျင်းပကာ စီးပွားရေးကဏ္ဍနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းဘက်မှ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ရှိနေသည့်အပြင် မကြာသေးမီက ဖြစ်ပွားခဲ့သော ရေဘေးဒဏ်ကြောင့် နိုင်ငံအတွင်း ၌ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ပေါ်လစ်ဗျူရိုအစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်သည်။









