
အိန္ဒိယနိုင်ငံတဝှမ်း သဲမုန်တိုင်းနဲ့ မိုးကြိုးပစ်မှုတွေကြောင့် အခုထိ အနည်းဆုံး လူ ၁၁၆ ဦးသေဆုံးခဲ့ပြီး၊ ၂၅ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံတဝှမ်း သဲမုန်တိုင်းနဲ့ မိုးကြိုးပစ်မှုတွေကြောင့် အခုထိ အနည်းဆုံး လူ ၁၁၆ ဦးသေဆုံးခဲ့ပြီး၊ ၂၅ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူဖြူလူမည်းခွဲခြားဆက်ဆံခဲ့တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ကနေဒါ လူအခွင့်ရေးခုံရုံးက ဒဏ်ရိုက်ခဲ့တယ် လို့သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံ တိုရန်တိုမြို့  Chinatown မှာရှိတဲ့ Hong Shing တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကို ကနေဒါသုံး ငွေ၁၀၀၀၀ (ဒေါ်လာ ၈၀၀၀) ဒဏ်ငွေချမှတ်ခဲ့ပါတယ်။

ကာရစ်ဘီယံ ဒေသနိုင်ငံတစ်ခုဖြစ်တဲ့ ဒိုမေနီကန်က တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ထူထောင်လိုက်ပြီး၊ ထိုင်ဝမ်နဲ့ကြား အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ တရုတ်ပြည်မကြီး အင်အားကြီးထွားပြီး စိုးမိုးနေရာယူလာတာရဲ့ တိုက်ရိုက် အကျိုးဆက်တစ်ခုအနေနဲ့ တိုင်ဝမ်ကျွန်းကို အသိအမှတ်ပြု ဆက်ဆံနေတဲ့ နိုင်ငံတစ်ခု ထပ်မံ လျော့ကျသွားတာ ဖြစ်ပါတယ်။

ဝါရှင်တန်၊ အမေရိကန်၊ မေ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့် တွေ့ဆုံမည့်သူ၏ သမိုင်းဝင်ထိပ်သီးစည်းဝေးပွဲကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိနိုင်သည်ဆိုသော ပြောဆိုချက်များအပေါ် ကျေနပ်ပီတိဖြစ်လျက်ရှိပြီး ဆွေးနွေးပွဲကျင်းပမည့်နေရာနှင့် အချိန်ကို အသေးစိတ်ကြေညာသွားမည်ဟု အင်္ဂါနေ့ တွင် ပြောဆိုခဲ့သည်။
“နိုဘယ်ငြိမ်းချမ်းရေးဆုလား။ ဒီဆုပေးသင့်တယ်လို့ အကြံပေးခဲ့တဲ့ သမ္မတမွန်းဂျေးအင်က အရမ်းဖြောင့်မတ်သူ တစ်ဦးဖြစ်ပါတယ်” ဟု ထရမ့်က တောင်ကိုရီးသမ္မတမွန်းကို ရည်ညွှန်း၍ ပြောဆိုခဲ့သည်။

အီရန်နိုင်ငံက သူ့ရဲ့ Nuclear အစီအစဉ်နဲ့ပတ်သက်လို့ ဗြောင်ညာနေတယ်လို့ဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့က အထောက်အထားတွေ ပြခဲ့တဲ့အပေါ် ဥရောပသံတမန်တွေက တော်တော်လေး သံသယရှိနေကြပါတယ်။
အစ္စရေးဝန်ကြီးချုပ်ရဲ့ တင်ပြချက်တွေအတွင်း ၂၀၁၅ ခုနှစ်က အီရန်နဲ့ နိုင်ငံတကာရရှိထားတဲ့ သဘောတူညီချက်ကို ဖျက်ဖို့လည်း အမေရိကန်သမ္မတ Donald Trump ကိုသူက တိုက်တွန်းခဲ့တာပါ။ ဒီပြောကြား တင်ပြချက်တွေဟာ အိမ်ဖြူတော်နဲ့ အစ္စရေးဝန်ကြီးချုပ်တို့ ဇတ်တိုက်ပြီးလုပ်တယ်လို့ အမေရိကန်ရဲ့ မဟာမိတ်ဥရောပနိုင်ငံတွေက သံသယဝင်နေကြပါတယ်။

ဆော်ဒီအာရေဗီယားဘုရင်ဆယ်လ်မန် နဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် တို့ဟာ ကြီးမားကျယ်ပြန့်တဲ့ အပန်းဖြေစခန်း Qiddiya ဖွင့်ပွဲကို ဧပြီ ၂၈ ရက်နေ့က တက်ရောက်ခဲ့ကြပါတယ်။
ထိုပန်းဖြေစခန်းကို စီးပွားရေးအခွင့်အလမ်းတွေ တိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ဖွင့်လှစ်တာဖြစ်ပါတယ်။
မြို့တော် Riyadh ကနေတစ်နာရီခန့်သွားရင် ရောက်ပြီဖြစ်တဲ့ Qiddiya ကို ၃၃၄ စတုရန်းကီလိုမီတာ (ဧက-၈၄၀၀) ရှိတဲ့ မြေနေရာမှာ ဆောက်လုပ်ထားတာဖြစ်ပြီး Disney world အရွယ်အစားထက် နှစ်ဆကျော်ခန့် ကျယ်တယ်လို့သိရပါတယ်။

ဆိုးလ်၊ တောင်ကိုရီးယား၊ ဧပြီ ၃၀
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းသည် လာမည့်လတွင် ၄င်းတို့၏ နျူကလီးယားစမ်းသပ်သည့် စခန်းများ ပိတ်သိမ်းမှုကို လေ့လာကြည့်ရှုရန်အတွက် အမေရိကန်ကျွမ်းကျင် ပညာရှင်များနှင့် သတင်းထောက် များကို ဖိတ်ခေါ်သွားမည်ဟု ကတိပေးခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက တနင်္ဂနွေနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ကူဝိတ်နိုင်ငံသို့ ဖိလစ်ပိုင်အလုပ်သမားများစေလွှတ်မှုအား အပြီးတိုင် ပိတ်ပင်လိုက်ပြီဟု ကြေညာခဲ့ပြီး ယင်းနိုင်ငံအတွင်း၌ အလုပ်လုပ်နေကြသူများကို မိခင်နိုင်ငံသို့ပြန်လာဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံတော်သတင်းမီဒီယာက တနင်္ဂနွေနေ့တွင် တင်ပြခဲ့သည်။
ဒူတာတေးသည် ယင်းကြေညာချက်ကို ၃၂ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲကို တက်ရောက်ရန်အတွက် စင်္ကာပူသို့ရောက်ရှိနေချိန် စင်္ကာပူနိုင်ငံ၌နေထိုင်ကြသော ဖိလစ်ပိုင်လူမျိုးများနှင့် တွေ့ဆုံခဲ့ပြီး မိန့်ခွန်းပြောကြား စဉ်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဧပြီ ၃၀
တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများအရေး အရှုပ်တော်ပုံကိစ္စတစ်ခုနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခံခဲ့ရပြီးနောက် ယခုအခါ ဗြိတိန် ပြည်ထဲရေးဝန်ကြီး အမ်ဘာ ရုဒ် ဧပြီ ၂၉ ရက်က ရာထူးကနေ နှုတ်ထွက်သွားပြီ ဖြစ်သည်။
ဗြိတိန်နိုင်ငံတွင်းကနေ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့ရေး ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်ပတ်သက်၍ လွှတ်တော်တွင် လွဲမှားစွာ ထွက်ဆိုခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမ်ဘာ ရုဒ် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ပြုံယမ်း၊ ဧပြီ ၂၇
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့သည် ဧပြီ ၂၇ ရက်တွင် သမိုင်းတင် ထိပ်သီးဆွေးနွေးမှုကို စတင်သည်။
နှစ်နိုင်ငံကြား ခွဲခြားထားသော စစ်မဲ့ဇုန်တွင် နှစ်ဦးအတူ လက်ဆွဲနှုတ်ဆက်ကြပြီးနောက် သမိုင်းတွင်မည့် ထိပ်သီးအစည်းအဝေးကို စတင်ခြင်းဖြစ်သည်။