
လစ်ဗျား ရဲ့ နျူကလီးယား အရင် ဖျက်သိမ်း ပေးခဲ့တဲ့ ကိစ္စ နဲ့ မြောက်ကိုရီးယား ရဲ့ အခြေအနေနဲ့ မတူဘူးလို့ ပြော

လစ်ဗျား ရဲ့ နျူကလီးယား အရင် ဖျက်သိမ်း ပေးခဲ့တဲ့ ကိစ္စ နဲ့ မြောက်ကိုရီးယား ရဲ့ အခြေအနေနဲ့ မတူဘူးလို့ ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပို့ဆောင်ခဲ့သော အီဘိုလာရောဂါကာကွယ်ဆေးများ ကွန်ဂိုနိုင်ငံသို့ ရောက်ရှိလာစဉ် (Kenny Katombe/REUTERS)
လူဦးရေတစ်သန်း ခန့် နေထိုင်သော မက်ဘန်ဒါကာ မြို့တွင် ပထမအကြိမ် အီဘို လာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါ ပြန့်ပွားမှု နောက်တစ်ဆင့် မြင့် တက်လာနေကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ပြောသည်။

ဖိလစ်ပိုင် တရားရုံးချုပ်က ထုတ်ပယ်ခံရတဲ့ တရားသူကြီးချုပ် ကိစ္စနဲ့ပတ်သက်ပြီး ဒါဟာ အလွန်အန္တရာယ်ကြီးတဲ့ မကောင်းတဲ့ အစဉ်အလာဖြစ်တာကြောင့် ပြန်လည်စဉ်းစားပေးဖို့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် တဝက်ကျော်က တရားရုံးချုပ်ကို စာရေးပန်ကြားလိုက်ပါတယ်။
ဖိလစ်ပိုင် အထက်လွှတ်တော်မှာ အမတ် ၂၃ ဦးရှိတဲ့အနက် ၁၄ ဦးက ကြာသာပတေးနေ့က လက်မှတ်ရေးထိုး စာပေးပို့လိုက်တာဖြစ်ပါတယ်။ သူတို့ထဲမှာ ၈ ဦးဟာ သမ္မတ Duterte ပါတီက ဖြစ်ကြပါတယ်။

ဂျပန်နိုင်ငံ၌ ရွေးကောက်ပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မှုကို မြှင့်တင် အားပေးမည့် ဥပဒေတစ်ရပ် ပေါ်ထွန်းလာပြီဖြစ်ကြောင်း၊ နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု နည်းပါးနေဆဲဖြစ်သော ဂျပန်နိုင်ငံ၌ အမျိုးသားနှင့် အမျိုးသမီး သာတူညီမျှမှုရှိရေးအတွက် ယင်းဥပဒေမှာ အရေးကြီးလှကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ယနေ့တွင် သတင်းထုတ်ပြန်သည်။

မေ ၁၇
ရုရှားနဲ့ ခရိုင်းမီးယားဒေသအကြား ချိတ်ဆက်တည်ဆောက်ထားတဲ့ တံတားသစ်တစ်စင်း ဖွင့်ပွဲအခမ်းအနားကို မေလ ၁၅ ရက်နေ့က ကျင်းပခဲ့ရာမှာတော့ သမ္မတ ဗလာဒီမာ ပူတင် လာရောက်ဖွင့်လှစ်ပေးသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သမ္မတ ပူတင်ဟာ ထရပ်ကားတစ်စီးကို ကိုယ်တိုင်တက်ရောက်မောင်းနှင်ပြီး အဆိုပါ တံတားသစ်ကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံတွင် ပြည်တွင်း လေကြောင်း ခရီးစဉ်များ ပျံသန်းရန် ဆွေးနွေးမှုများ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း AirAsia လေကြောင်းလိုင်းက အတည်ပြုခဲ့သည်။
AirAsia၏ အမှုဆောင်ချုပ် တိုနီဖာနန်ဒက်စ်က မြန်မာဖက်မှ မိတ်ဖက် လုပ်ငန်းစု တစ်ခုနှင့် ပူးပေါင်း၍ ပြည်တွင်း လေကြောင်းလိုင်း ထူထောင်ရန် ဆွေးနွေးမှုများ ရပ်ဆိုင်းသွားပြီဟု မေလ ၁၅ ရက်က ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

Max Thunder အမည်ပေးထားသည့် အမေရိကန်နှင့် တောင်ကိုရီးယားအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သည့်အနေဖြင့် ယခုအခါ ဆိုးလ်နှင့်အကြား ပြုလုပ်မည့် အဆင့်မြင့် လယ်ဗယ်ဆွေးနွေးပွဲကို ဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားဘက်က ကြေညာသွားသည်။
အဆိုပါ အမေရိကန်နှင့် တောင်ကိုရီးယားအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်များကို ဆန့်ကျင်သည့်အတွက် မေလ ၁၆ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် တောင်နှင့်မြောက် အဆင့်မြင့်ဆွေးနွေးပွဲကို ပြုံယမ်းဘက်က ဖျက်သိမ်းသွားခြင်း ဖြစ်သည်။

အစ္စရေးနိုင်ငံ ဂါဇာဒေသမှာ ဆန္ဒပြသူ ပါလက်စတိုင်း ၅၀လောက်၊ အစ္စရေးလုံခြုံရေးတွေရဲ့ လက်ချက်နဲ့ သေဆုံးရတာကြောင့် တူရကီအာဏာပိုင်တွေက အစ္စရေးသံအမတ်ကြီးကို ဌာနေ ခေတ္တပြန်လွှတ်လိုက်ပါတယ်။
သံအမတ်ကြီးကို တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်လိုက်ပြီး နောက် အစ္စရေးကို ပြန်လွှတ်လိုက်တာ ဖြစ်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန အမည်မဖေါ်လိုတဲ့ အရာရှိတဦးက ပြောပါတယ်။

ကာရာကတ်စ်၊ မေ ၁၆
ဗင်နီဇွဲလားနိုင်ငံတွင် လာမည့် မေ ၂၀ ရက်တွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲအတွက် စစ်တပ်က ပြင်ဆင်လျက် ရှိနေသည်။
အဆိုပါ ရွေးကောက်ပွဲကို ဒီမိုကရေ မကျဟုဆိုကာ ပယ်ဖျက်ပစ်ရေးအတွက် လီမာအုပ်စုနိုင်ငံများက သမ္မတ နီကိုလပ်စ်မာဒူရိုကို တွန်းတိုက်လျက်ရှိသည်။

ဆိုးလ်၊ တောင်ကိုရီးယား၊ မေ ၁၅
မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏နျူကလီးယားလက်နက်များကို ဘယ်တော့မှအလုံးစုံစွန့်လွှတ်သွားမည် မဟုတ်ကြောင်း မြောက်ကိုရီးယား ထိပ်သီးပြည်ပြေးတစ်ဦးက ကင်မ်ဂျုံအမ်းနှင့် ဒေါ်နယ်ထရမ့်တို့၏ လာမည့် လတွင် ပြုလုပ်မည့် သမိုင်းဝင်တွေ့ဆုံပွဲမတိုင်မီတွင် ပြောဆိုခဲ့သည်။