
ဂျပန်နိုင်ငံတွင် ကလေးဦးရေမှာ ၃၇ နှစ်ဆက်တိုက် ကျဆင်းလာနေကြောင်း သိရှိရသည်။ ထိုအခြေအနေက ဂျပန် လူ့အဖွဲ့အစည်းတွင် သက်ကြီးရွယ်အို ဦးရေက အချိုးအစား များပြားနေသည့် ပြဿနာကို တွန်းလှန် ဖြေရှင်းရာတွင် ကြီးမားသော အခက်အခဲ တစ်ခုအဖြစ် ရှိလာစေသည်။

ဂျပန်နိုင်ငံတွင် ကလေးဦးရေမှာ ၃၇ နှစ်ဆက်တိုက် ကျဆင်းလာနေကြောင်း သိရှိရသည်။ ထိုအခြေအနေက ဂျပန် လူ့အဖွဲ့အစည်းတွင် သက်ကြီးရွယ်အို ဦးရေက အချိုးအစား များပြားနေသည့် ပြဿနာကို တွန်းလှန် ဖြေရှင်းရာတွင် ကြီးမားသော အခက်အခဲ တစ်ခုအဖြစ် ရှိလာစေသည်။

ဓာတ်ပုံ-ရိုက်တာ
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ မေလ ၇ ရက်နေ့က နောက်ထပ် ၆ နှစ်ကြာ သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်မှာ ပြုလုပ်တဲ့ ၄ ကြိမ်မြောက် ရာထူးလက်ခံပွဲအတွင်း သမ္မတပူတင်က ရုရှားပြည်သူတွေကို အလုပ်ကျွေးပြုမှာဖြစ်ကြောင်း၊ ရပိုင်ခွင့်တွေနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်မှာဖြစ်ကြောင်းနဲ့ ရုရှားအချုပ်အခြာအာဏာကို ကာကွယ်မှာဖြစ်ကြောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ဘေရွတ်၊ လက်ဘနွန်၊ မေ ၈
လက်ဘနွန်နိုင်ငံ၌ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ၌ ဆော်ဒီအစိုးရမှ ထောက်ပံ့ပေးထားသော လက်ရှိ ၀န်ကြီးချုပ် ဆက်ဒ်ဟာရီရီ၏အဖွဲ့သည် အကြီးအကျယ်ရှုံးနိမ့်ခဲ့သောကြောင့် အီရန်အစိုးရမှထောက်ပံ့ ပေးထားသော ဟစ်ဇ်ဘိုလာအဖွဲ့က အင်အားဆက်လက်ကြီးစိုးလာနိုင်ခဲ့ပြီး ၄င်း၏ထောက်ခံသူများက တနင်္လာနေ့ က အောင်ပွဲခံခဲ့ကြသည်။
ဆယ်စုနှစ်တစ်စုနီးပါးခန့်ကာလအတွင်း လက်ဘနွန်နိုင်ငံ၌ ပထမဦးဆုံးအကြိမ်ကျင်းပသော ရွေးကောက်ပွဲ၌ အဓိကဦးဆောင်အဖွဲ့နှစ်ဖွဲ့ဖြစ်သော ဟစ်ဇ်ဘိုလာနှင့် ဆော်ဒီထောက်ခံသော လက်ရှိအစိုးရတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဗင်နီဇွဲလားအစိုးရက နိုင်ငံရဲ့ ထိပ်တန်းဘဏ်တခုကို ဝင်ရောက်ထိန်းချုပ်ခဲ့လို့ ဘဏ်မှာငွေစုထားတဲ့ နိုင်ငံသားတွေ အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံရဲ့ ထိပ်တန်းဘဏ်ကြီးတခုဖြစ်တဲ့ ဘင်နက်စကို (Banesco) ကို အစိုးရက ဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက် မေလ ၄ ရက်နေ့က ဘဏ်ရှေ့မှာ စုငွေပြန်ထုတ်ချင်တဲ့သူတွေ တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။

တဟီရန်၊ အီရန်၊ မေ ၇
အီရန်သမ္မတ ဟတ်ဆန်ရော်ဟာနီက အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အစိုးရနှင့်အတူထားရှိထား သော နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ခဲ့ပါက နောင်တအကြီးကြီး ရလိမ့်မည်ဟု တနင်္ဂနွေနေ့က သတိပေးခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လာမည့်မေလ ၁၂ ရက်နေ့တွင် သဘောတူညီမှုကို သက်တမ်းတိုး သည့်အချိန်တွင် နှုတ်ထွက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားခဲ့ပြီး သူ၏ ဥရောပမဟာမိတ်များအနေဖြင့် ဆိုးရွားသော အမှားကြီးကို ပြင်ဆင်ပေးရန်နှင့် ထိုသို့မဟုတ်ပါက သူ့အနေဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ် သွားရလိမ့်မည်ဟု ပြောဆိုထားခဲ့သည်။

လာဟိုး က ဆေးရုံဆီ လေယာဉ်နဲ့ ပို့ဆောင်ခဲ့ရတဲ့ ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal
ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal ဟာ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက် သွားခဲ့ပါတယ်။
ပန်ဂျပ်ပြည်နယ် က လူထုစည်းဝေးပွဲက အထွက်မှာ မစ္စတာ အစ်ဂ်ဘာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

ပြုံယမ်း မေ ၆
ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက်ကင်းစင် ပပျောက်စေရေးအတွက် အမေရိကန် နှင့် ဂျပန်နိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံအား ဖိအားများပေးမှုအပေါ် မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၆ ရက်တွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် အထက်ပါအရေးနှင့် ပတ်သက်ပြီး ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

တွစ်တာသုံးစွဲသူ သန်း ၃၃၀ ကျော်အနေနဲ့ အသုံးပြုနေကျ လျှို့ဝှက်နံပါတ်တွေကို ပြောင်းကြဖို့ မေလ ၃ ရက်နေ့မှာ တွစ်တာကုမ္ပဏီက တိုက်တွန်းလိုက်ပါတယ်။
တွစ်တာရဲ့ ကွန်ပျူတာအတွင်းပိုင်းစနစ်မှာ ဖတ်လို့ရတဲ့ စာသားတွေကို သိုလှောင်တဲ့ နေရာတချို့မှာ ချို့ယွင်းချက် ဖြစ်ခဲ့တာကြောင့် ကုမ္ပဏီဘက်က အခုလို တိုက်တွန်းလိုက်တာပါ။

နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ ၂၀၁၆က တွေ့ဆုံခဲ့ကြစဉ်က သတင်းဓာတ်ပုံ။
အမေရိကန်သမ္မတ Donald Trump နဲ့ ၂၀၀၆ ခုနှစ်တုန်းက ဇာတ်လမ်းရှိခဲ့ဖူးတယ်လို့ စွပ်စွဲထားတဲ့ လိင်ဖျော်ဖြေရေး သရုပ်ဆောင် အမျိုးသမီးကို နှုတ်ပိတ်တဲ့အနေနဲ့ ပေးခဲ့တဲ့ ဒေါ်လာ တသိန်းသုံးသောင်းကို သမ္မတက သူ့ရဲ့ရှေ့နေကို ပြန်ထုတ်ပေးခဲ့ကြောင်း နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani ကပြောလိုက်ပါတယ်။

ပျောက်ဆုံးနေသော MH 370 လေယာဉ်ရှာဖွေစဉ်က တွေ့ရှိခဲ့တဲ့ သင်္ဘောပျက် နှစ်စီးဟာ ကျောက်မီးသွေးတွေ သယ်ဆောင်လာတဲ့ ၁၉ ရာစုက ကုန်တင်သင်္ဘောဖြစ်ပြီးလူပေါင်း ၃၀ အထိ လိုက်ပါလာပုံရတယ်လို့ မေလ ၃ ရက်နေ့မှာအတည်ပြုနိုင်ခဲ့ပါတယ်။
ခရီးသည်ပေါင်း ၂၃၉ ဦးနှင့်အတူ ကွာလာလမ်ပူကနေ ပေကျင်းကို ပျံသန်းလာခဲ့တဲ့မလေးရှား လေကြောင်းလိုင်း လေယာဉ်တစ်စီးဖြစ်တဲ့ MH370 ဟာ ၂၀၁၄ ခုနှစ်က ထူးဆန်းစွာ ပျောက်ဆုံးခဲ့ပါတယ်။