
မလေးရှားလေကြောင်းလိုင်း Air Asia သည် ကမ္ဘာ့ခရီးသွားဆုများ (WTA) ဆုပေးပွဲအခမ်းအနား၌ ကမ္ဘာ့အကောင်းဆုံး စရိတ်နည်းလေကြောင်းလိုင်းအဖြစ် ခြောက်နှစ်ဆက်တိုက် ရွေးချယ်ခံရသည်။
ပေါ်တူဂီနိုင်ငံ၌ ကျင်းပသော ဆုပေးပွဲအခမ်းအနားတွင် အဆိုပါဆုကို Air Asia လုပ်ငန်းစု အကြီးအကဲများဖြစ်သည့် ဆူဟိုင်လာ ဟက်ဆန်နှင့် အူဒရေးပရိုဂက်စ် တမာပတ်ထရီနီက လေကြောင်းလိုင်း ကိုယ်စား လက်ခံရယူခဲ့သည်။









