
နယူးဒေလီ ဒီဇင်ဘာ ၂၀
အိန္ဒိယနိုင်ငံသည် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံးကို ဒီဇင်ဘာ ၁၉ ရက်က လွှတ်တင်ခဲ့ကြောင်း၊ ယင်းဂြိုဟ်တု လွှတ်တင်မှုမှာ နိုင်ငံ၏လေကြောင်းကာကွယ်ရေးစနစ်အား အဆင့်မြှင့်တင်ရန် ဦးတည်ကြိုးပမ်းသည့် ဆောင်ရွက်မှု ဖြစ်ကြောင်း အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြသည်။
အဆိုပါဂြိုဟ်တုကို အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒေ့ရှ် ပြည်ရှိ ဆရီဟာရီကိုတာအာကာသ ယာဉ်လွှတ် တင်ရေးစခန်းမှ ဒုံးယာဉ် တစ်စင်းဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။









