ကန်-မက္ကစီကို နယ်စပ်ပိတ်ဖို့ သမ္မတ Trump ခြိမ်းခြောက်

လက်တင်အမေရိက နိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုထဲ ၀င်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အထောက်အထားမဲ့ လူတွေကို အမေရိကန်အစိုးရအနေနဲ့ မဟန့်တားနိုင်ဘူးဆိုရင်၊ တနေ့ကို ဒေါ်လာ ၁.၆ ဘီလီယံဖိုး ကုန်သွယ်မှုရှိနေတဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်မယ်လို့ သမ္မတ Donald Trump က မနေ့ ကြာသပတေးနေ့မှာ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် တိုက်ခိုက်မှု ဆောင်ရွက်မည့် IS အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

အာဖဂန်နစ္စတန် နိုင်ငံ တွင် အစိုးရ တပ်ဖွဲ့ဝင် များ လုံခြုံရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ နိုဝင်ဘာ ၂၀ ရက်

နျူသဘောတူညီချက် ဆွေးနွေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့် အီရန်နိုင်ငံသို့ ရောက်ရှိ

တီဟီရန်မြို့တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်နှင့် တွေ့ဆုံနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ် (Fars News website/Handout via REUTERS)

 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်သည် တနင်္လာနေ့တွင် အီရန်နိုင်ငံသို့ ရောက်ရှိလာပြီး ၂၀၁၅ နျူသဘောတူညီချက် အနာဂတ်အပါအဝင် အခြားအကြောင်းအရာများကို အီရန် အာဏာပိုင်များနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။

မက္ကဆီကိုနယ်စပ်တစ်လျှောက် အမေရိကန်တပ်ဖွဲ့ က ခြံစည်းရိုးခတ်

ဝါရှင်တန် နိုဝင်ဘာ ၁၉

လွန်ခဲ့သောသုံးရက်အတွင်း အမေရိကန်တပ်ဖွဲ့သည် မက္ကဆီကို နယ်စပ်အနီး မြစ်ဘေးတစ်လျှောက်တွင် ခြံစည်းရိုးများခတ်ထား သည်ကို မျက်စိတစ်ဆုံး တွေ့မြင်နေရသည်။

ကင်တပ်ကီပြည်နယ် ဖို့စ်နောက်စ်ခံတပ်အခြေစိုက် အင်ဂျင်နီယာတပ်ရင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များက ခြံစည်းရိုး ခတ်သည့်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့မြင်နေ ရသည်။

အမေရိကန်သမ္မတ ထရမ့်၏ အငြင်းပွားဖွယ်အမိန့်ဖြင့် တက္ကဆက်ပြည်နယ် အနောက်မြောက်ပိုင်း ရီရိုဂရန်ဒီ မြစ်အနီး တွင် ခြံစည်းရိုးခတ်နေကြခြင်းဖြစ်သည်။

အမေရိကန် မောင်းသူမဲ့လေယာဉ်များကြောင့် ယီမင်အရပ်သားများ သေဆုံး

အမေရိကန်နိုင်ငံပိုင်မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံအတွင်း၌ အရပ်သားများ သေဆုံးမှုရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ယီမင်နိုင်ငံအတွင်း၌ ဆော်ဒီဦးဆောင်သည့် အာရပ်မဟာမိတ်နိုင်ငံများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ အရပ်ဘက်ပစ်မှတ်များကို ထိခိုက်မှုများ ရှိခဲ့သည့်အပြင် အမေရိကန်ပိုင် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှုများကြောင့်လည်း အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကာ သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက အတည်ပြုခဲ့ကြသည်။

တရုတ်နိုင်ငံက BeiDou တည်နေရာပြ ဂြိုဟ်တု၂လုံးလွှတ်တင်

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ နိုဝင်ဘာ ၁၉ ရက် နံနက် ၂း၀၇နာရီတွင် ဂြိုဟ်တုသစ်၂လုံး အား Long March-3B ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံတစ်စင်း ဖြင့် အာကာသ အတွင်းရှိ BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အတွင်းသို့ လွှတ်တင်ခဲ့ကြောင်းသိရသည်။

ကယ်လီဖိုးနီးယား တောမီးများအတွင်း ပျောက်ဆုံးသူ ထောင်ဂဏန်းထိ မြင့်တက်လာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် တောမီး လောင်ကျွမ်းမှုများ ဖြစ်ပွားအပြီး ပျောက်ဆုံးနေသူ ဦးရေမှာ ထောင်ဂဏန်းထိ မြင့်တက်လာကြောင်း သိရသည်။

ပြည်နယ်သမိုင်းတွင် အသေအပျောက် အများဆုံး စာရင်းဝင် တောမီး ဖြစ်လာသည့် Camp Fire အပါအဝင် ကယ်လီဖိုးနီးယား၌ အနည်းဆုံး တောမီးသုံးခု တပြိုင်တည်းလိုလို ပျံ့နှံ့ ကူးစက် လောင်ကျွမ်းခဲ့သည်။ တောမီးများကို စတင် ထိန်းချုပ်စ ပြုလာနိုင်သော်လည်း Camp Fireကိုမူ ၅၀ ရာခိုင်နှုန်း ပြည့်အောင်ပင် မတားဆီးနိုင်သေးချေ။

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုအပေါ် ပြင်သစ်နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြ

ပါရီ နိုဝင်ဘာ ၁၈

ပြင်သစ်နိုင်ငံ၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုအပေါ် ဒေါသထွက်နေကြသူများသည် နိုင်ငံတစ်ဝန်းတွင် လမ်းများကို ပိတ်ဆို့၍ ဆန္ဒပြခဲ့ကြရာ ယာဉ် အသွားအလာများ ကမောက်ကမ ဖြစ်ခဲ့ရကြောင်း၊ ဆန္ဒပြသူများ၏ ဟန့်တားမှုကြောင့် ထိတ်ထိတ်ပျာပျာဖြင့် မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးသည် ဆန္ဒပြသူ လူအုပ်ကြီး အတွင်းသို့ ကားကို မောင်းနှင်မိရာမှ ဆန္ဒပြသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ရုရှားအရေး လူတွေ့မေးမြန်းခွင့်မပြုဘူးလို့ သမ္မတ Trump ပြော

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ရုရှားရဲ့ ၀င်ရောက် စွက်ဖက်မှုတွေအကြောင်း စုံစမ်း ဖော်ထုတ်နေတဲ့ အထူး စုံစမ်း စစ်ဆေးရေးမှူး Robert Mueller နဲ့ တဦးချင်းထိုင်ပြီး လူတွေ့ မေးမြန်းခွင့် ပြုမှာမဟုတ်ဘူးလို့ သမ္မတ Donald Trump က ပြောပါတယ်။ အထူးစုံစမ်းရေးမှူးရဲ့ မေးခွန်းတွေကို စာနဲ့ရေးပြီး ဖြေကြားထားခြင်းဟာ သူ့ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်တယ်လို့ တနည်းအားဖြင့် သမ္မတ Trump က ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း ဇနီး စွဲချက်ထပ်တိုး

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ဇနီးကို ဆိုလာစွမ်းအင်ထုတ်လုပ်ခွင့်ရဖို့ အစိုးရနဲ့ စာချုပ်ချုပ်နိုင်ရေး ကိစ္စမှာ လာဘ်ငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ၂ ခုနဲ့ ဒီကနေ့ ထပ်မံစွဲဆို လိုက်ပါတယ်။

တရားရုံးကရရှိတဲ့အချက်အချက်တွေအရ နာဂျစ်ရာဇတ်ရဲ့ဇနီးဖြစ်သူ ရိုစ်မာ မန်ဆန် Rosmah Mansor ဟာ နိုင်ငံအရှေ့ပိုင်း ဆာရာဝတ်ပြည်နယ်က ကျောင်းတွေမှာ ဆိုလာစွမ်းအင်စီမံကိန်းတွေ လုပ်ဆောင်ဖို့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း လာဘ်ငွေတောင်းထားတာတွေ၊ ရယူထားတွေရှိတယ်လို့ ဖော်ပြပါတယ်။