ချင်းပါတီသုံးခု တစ်ပါတီတည်းပေါင်းစည်းရန် သဘောတူ

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ ချင်းတိုင်းရင်းသားပါတီများ ပေါင်းစည်းရေးအတွက် ချင်းပြည်နယ် အခြေစိုက် ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီသုံးခုတို့ သဘောတူညီချက်ရရှိခဲ့ကြောင်း ယင်းပါတီများထံမှ သတင်းရရှိသည်။

ချင်းအမျိုးသားဒီမိုကရက် တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် တစ်ပါတီတည်းအဖြစ်ပေါင်းစည်းရန် ပါတီဥက္ကဋ္ဌများက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွေ့ဆုံကာ သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဥပဒေများ စတုတ္ထအကြိမ် ပြင်ဆင်မှု ပြည်သူ့လွှတ်တော်ပေးပို့ချက်အတိုင်း အမျိုးသား လွှတ်တော် အတည်ပြု

13081804_1136480829709399_320826700_n

ရွေးကောက်ပွဲ ဥပဒေများ စတုတ္ထအကြိမ်ပြင် ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်အတည်ပြု ချက်အတိုင်း အမျိုးသားလွှတ် တော်က မေလ ၃၀ ရက်တွင် ကန့် ကွက်သူမရှိ အတည်ပြုခဲ့သည်။

ပုဂံမြို့ရှိ ရှေးဟောင်းအမွေအနှစ်များ ဆက်လက်ပျက်စီးမှုမရှိအောင် အဖိုးထက် မျိုးဆက်တို့ရဲ့ပုဂံ ကမ်းပိန်းကို ဇွန်လပထမအပတ်တွင် ပြုလုပ်မည်

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်း အမွေအနှစ်များ ဆက်လက်ပျက်စီးမှု မရှိအောင် ပုဂံကို တန်ဖိုးထား ချစ်မြတ်နိုးသူများက အဖိုးထက် မျိုးဆက်တို့ရဲ့ ပုဂံ ကမ်းပိန်းကို ဇွန်လ ပထမအပတ်တွင် စတင်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို ထည့်သွင်း ပေးရန် SSEPPL တိုက်တွန်း

မကြာမီကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကိုထည့်သွင်းရန် နိုင်ငံရေးပါတီ ၁၃ ပါတီ ပါဝင်သော ရှမ်းပြည်နိုင်ငံရေးပါတီများ အဖွဲ့ချုပ် (SSEPPL) က အလေးအနက်ထား တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်သည်။

မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်သော ရှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးအပြီး ကြေညာချက် ထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်ရှိ ပါတီများပူးပေါင်းပြီး ရှမ်းပြည်နယ် တိုင်းရင်းသား နိုင်ငံရေးပါတီများ အဖွဲ့ချုပ် ဖွဲ့စည်းမည်

ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများစုစည်းကာ ရှမ်း ပြည်နယ်တိုင်းရင်းသားနိုင်ငံရေး ပါတီများ အဖွဲ့ချုပ်ကို ဖွဲ့စည်း တည်ထောင်ရန် မေလ (၂၉) ရက်တွင် ရှမ်းတိုင်းရင်းသားနိုင်ငံရေး ပါတီများက သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၂၉ ရက်တွင် ရန်ကုန် မြို့ရှိ Orchid Hotel ၌ပြုလုပ်သောရှမ်းပြည်နယ်နိုင်ငံရေးပါတီများ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ရေးအစည်းအဝေးကို ယင်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ ၁၃ ပါတီ တက်ရောက်ခဲ့ကာ အဆိုပါပါတီများက ရှမ်းပြည်နယ် တိုင်းရင်းသားနိုင်ငံရေးပါတီများအဖွဲ့ချုပ် တည်ထောင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု အင်းတိုင်းရင်းသားများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်စိုးက ပြောသည်။

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဝန်ထမ်းတစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းရန်အဆိုပြုထား

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများအဆင့်အထိ ဝန်ထမ်း (၁,၁၃၁) ဦးဖြင့် ဖွဲ့စည်းရန် အဆိုပြုထားကြောင်း သတင်းရရှိသည်။

 ပထမအဆင့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနနှစ်ခု၏ရုံးချုပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

NCA လက်မှတ်မရေးထိုးရသေးသော အဖွဲ့များကို အစိုးရက နှစ်ဖွဲ့ခွဲ၍ တစ်ပတ်အတွင်း လိုက်လံ တွေ့ဆုံမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီက လာမည့်တစ်ပတ်အတွင်း သွားရောက်ညှိနှိုင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးတာဝန် ခံနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုဥက္ကဋ္ဌ (၂) ဒေါက်တာတင်မျိုးဝင်း ဦးဆောင်၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ ညှိနှိုင်းမှုများပြုလုပ်မည်ဖြစ် ကြောင်း အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအတွက် သင်တန်းသားခေါ်ယူ

နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာကိစ္စများတွင် စိတ်ပါဝင်စားသူများ၊ နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံမှုရှိသူများအတွက် ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်း Certificate Course in Basic Diplomatic Skills သင်တန်းအမှတ်စဉ် (၃၇) အတွက် သင်တန်းကို ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်၍ သင်တန်းသားများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayuth Chan-o-Cha အား ဂါရ၀ပြုတွေ့ဆုံ

13305259_980739998713532_2163112648467207006_o

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ (၂၆) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော်အစိုးရရုံးသို့ သွားရောက်ပြီး ထိုင်းနိုင်ငံ ၀န်ကြီးချုပ် General Prayuth Chan-o-Cha အား ဂါရ၀ပြုတွေ့ဆုံသည်။

မန္တလေး တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ သင်တန်းအား လျှောက်ထားနိုင်

၂၀၁၆-၂၀၁၇ ခုနှစ် မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်မည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်း (အမ်ပီအေ) ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး တက်ရောက်လိုသူများ အနေဖြင့် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။