မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ကွန်ရက်ချဲ့နိုင်ခဲ့ခြင်းကြောင့် တယ်လီနောကုမ္ပဏီအုပ်စု ၀င်ငွေစံချိန်တင်
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ဆက်သွယ်ရေးကွန်ရက် တိုးချဲ့နိုင်ခဲ့ခြင်းကြောင့် ၂၀၁၆ ပထမ သုံးလပတ်၌ နော်ဝေးအခြေစိုက်တယ်လီနောအုပ်စုသည် စံချိန်တင် ၀င်ငွေရရှိခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ တယ်လီနောမြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၂၀၁၄ အောက်တိုဘာတွင် ဆက်သွယ်ရေး ကွန်ရက်စတင်ခဲ့ပြီး ဒုတိယဈေးကွက်ဝေစု အများဆုံးပိုင်ဆိုင်ထားကာ ၀င်ငွေရရှိမှု တိုးတက်ရှိနေကြောင်း၎င်းတို့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
မင်းပြားမြို့အနီး စစ်တွေ-ရန်ကုန်ကားလမ်းရှိ ရာမောင်ကြိုးတံတား အကြီးစားပြင်ဆင်မည်
မင်းပြားမြို့အနီး စစ်တွေ-ရန်ကုန် ကားလမ်းပေါ်ရှိရာမောင်ကြိုးတံတားသည် နှစ်ကာလကြာမြင့်လာခြင်း၊ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုများ၍ ကြံ့ခိုင်မှု လျော့နည်းလာခြင်းတို့ကြောင့် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၈)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘တံတား စတင် တည်ဆောက်ချိန်က ခြောက်ဘီးကား ဖြတ်သန်းဖို့လောက်ပဲ ထည့်တွက်ခဲ့ပုံရပါတယ်။
ရန်ကုန်မြို့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်တွင် ရှိနေ
ပညာရေးဝန်ထမ်းများ၏ လစာငွေ မဖြတ်တောက်ရန်နှင့် ကျောင်းသားများထံမှ ငွေကြေးမကောက်ခံရန် ညွှန်ကြားချက်ထုတ်ပြန်
ငွေကြေးဝန်ဆောင်မှုပေးနိုင်ရန် MPU နှင့် Master Card ဆွေးနွေး
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး မူဝါဒ ငါးချက်ဖြင့် ဆောင်ရွက်မည်ဟု ပြည်နယ်အစိုးရဆို
အစိုးရသစ်လက်ထက် ဆောက်လုပ်မည့်လမ်းများ ငါးနှစ်မခံလျှင် အင်ဂျင်နီယာကို ထောင်ထဲပို့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးပြော
သူငယ်တန်းပညာရေးအခမဲ့သင်ကြားမည်ဖြစ်ပြီး ၀တ်စုံတစ်စုံအခမဲ့ပေးဝေမည်
နိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း မိုးသီးကြွေ လေပြင်းတိုက် မိုးကြိုးပစ်ခြင်းများဖြစ်နိုင်ဟု မိုး/ဇလထုတ်ပြန်
ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ် ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ယမန်နေ့က သတင်းထုတ်ပြန်သည်။ နေ့အပူချိန် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေထု မငြိမ်သက်မှု နှင့်အရှေ့ဘက်မှ အနောက် ဘက်သို့ ရွေ့လျားလာသည့် လေပွေလှိုင်းအရှိန်ကြောင့် မိုးထစ်ချုန်း ရွာသွန်းခြင်း နှင့် အတူ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း များကို ဧပြီ ၂၉ ရက်မှ မေလ ၅ ရက်အတွင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထူးခြားမိုးလေ၀သ အခြေအနေဟု သတိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။