
အစိုးရသစ်သက်တမ်း တစ်လကျော်လာချိန်တွင် ဒုဝန်ကြီးသုံးဦး ထပ်မံခန့်အပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက မေလ ၃ ရက်၌ သတင်းထုတ်ပြန်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း တင်သွင်းခွင့်ရထားသည့် ပြည်ထဲရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန တို့တွင် ဒုဝန်ကြီးတစ်ဦးစီ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ မေလ ၃ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဗိုလ်ချုပ်အောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် မြင့်နွယ်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် သန်းထွဋ်တို့အား ခန့်အပ်တာဝန်ပေးလိုက် ခြင်းဖြစ်သည်။



