၂၁ ရာစုပင်လုံညီလာခံ ကိုကြိုတင်ပြင်ဆင်သည့်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသောအဖွဲ့များ ပါဝင်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယခုရက်ပိုင်းအတွင်း ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။