
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ ဩဂုတ်(၂၄)ရက်အတွက် စက်သုံးဆီဈေးနှုန်းတွေအရ ရန်ကုန်မှာ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၃၀၀၀ အထိ တက်လာပြီး ဓာတ်ဆီရော ဒီဇယ်ပါ ဈေးနှုန်းတွေတက်လာတာကို တွေ့ရပါတယ်။
ဩဂုတ်(၂၄)ရက် ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိန်း 92တစ်လီတာကို ကျပ် ၂၄၄၀၊ အောက်တိန်း 95 တစ်လီတာကို ၂၅၂၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ် ၃၀၀၀၊ ပရီမီယံဒီဇယ်တစ်လီတာကို ကျပ် ၃၀၈၀အထိ ရှိနေပါတယ်။











