
မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ တပ်မတော်အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းကို နေပြည်တော်ရှိ Park Royal ဟိုတယ် တွင် ယမန်နေ့ကဖွင့်လှစ် ခဲ့သည်။ အဆိုပါသင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ စောင့်ထိန်းလိုက် နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများကို ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်မှု၊ စစ်ဘက်- အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်နေမှုများကို သင်ကြား မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် သည်။



