ယင်းမာပင် သြဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ယင်းမာပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ဆက်ဆံ ရေး(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်း အနားသို့ ယင်းမာပင် ခရိုင်ဥက္ကဋ္ဌ ဦးသောင်းဟန်နှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးကျော် မြင့်သိန်းနှင့် မြို့နယ်ကော်မတီဝင် များ၊ သင်တန်းသူ သင်တန်းသား အပါအဝင် စုစုပေါင်းအင်အား ၇ဝ ခန့် တက်ရောက်ခဲ့ကြသည်။



