ရန်ကုန်၊ စက်တင်ဘာ ၁၃
ရန်ကုန်၊ စက်တင်ဘာ ၁၃
မကွေး၊ စက်တင်ဘာ ၁၂
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင် တို့သည် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် သရက်လေးပင်ကျေးရွာ၌ ပါတီဝင်များ၊ ရပ်မိရပ်ဖများအားတွေ့ဆုံခဲ့ပြီး မန်ကျီးကိုင်းကြီးပဲ့ကျ၍ နေအိမ်ပျက်ဆီးသွားသော ပါတီဝင် ဦးသိန်းလွင်အား ပြန်လည်ပြုပြင်ရေးအတွက် ငွေကျပ် ၅ သောင်းပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ယမန်နေ့ ည
၆. နာရီခွဲအချိန်တွင် အေးမြသာယာကျေးရွာ၌ ပါတီဝင်များအား တွေ့ဆုံခဲ့ပြီး ည ၈ နာရီအချိန်တွင် သိင်္ဂါဂီရိရပ်ကွက်ရှိ ညပိုင်း ပရဟိတစာသင်ဝိုင်းသို့ သွားရောက်၍ စာသင်ခုံ ၃ ခုံ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာ့ရေပြင်အတွင်း ပလတ်စတစ်ပါဝင်ခြင်းနှင့်မြန်မာ နိုင်ငံငါးသယံဇာတတည်ရှိမှုပမာ ဏတိုင်းတာလေ့လာရန် ရောက်ရှိနေသည့် နော်ဝေးနိုင်ငံမှသုတေ သနရေယာဉ် Dr.Fridtjof Nansen မိတ်ဆက်ပွဲအခမ်းအနား ကို ရန်ကုန်မြို့မြန်မာ့စက်မှုဆိပ်ကမ်းတွင် စက်တင်ဘာ ၁၂ ရက် ညနေကပြုလုပ်ခဲ့သည်။ အဆိုပါ သုတေသန ရေယာဉ်သည် ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံပိုင်နက်ရေပြင်အတွင်း ငါးသယံ ဇာတများ လေ့လာနိုင်ရန်သြဂုတ် တတိယပတ်၌ ရောက်ရှိကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အချက် အလက်များတွင် ဖော်ပြသည်။
စက်တင်ဘာ ၁၂
၁၂ – ၉ – ၂၀၁၈ ရက်နေ့ ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မကြာမီကျင်းပမည့် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအတွက် မြို့နယ်ပါတီရုံးတွင် အကြိုညှိနှိုင်းအစည်းဝေးပြုလုပ်ကြပါသည်။
အခမ်းအနားတွင် ပခုက္ကူ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးး ဦးမြင့်နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးချမ်းမင်း၊ နာယကများ၊ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများ စုစုပေါင်း (၇၂) ဦး တက်ရောက်ကြပါသည်။
ရန်ကုန် စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာအဖွဲ့၏ အခြေခံစက် ချုပ်သင်တန်းအမှတ်စဉ်(၅/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သိမ်ဖြူ မီးရထား ရပ်ကွက် သာသနာ့ဟိတဓမ္မာရုံ တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင်ဒေါ်စန်း စန်းဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က စက် ချုပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
တမူး စက်တင်ဘာ ၁၂
တမူးပြည်ခိုင်ဖြိုးပါတီမှခရိုင် ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာတို့ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က ခမိတ်ကျေးရွာ နန်မွန်းတားကျေးရွာနှင့် ရန်ငြိန်း အောင် ကျေးရွာများသို့ ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး နယ် မြေကွင်းဆင်းစည်းရုံးရေးဆင်းခဲ့ ကြသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပင်းမြို့ဟောင်းတွင် ပုပ္ဗာရုံကျောင်း တိုက်ဆရာတော် ဦးဥက္ကဋ္ဌအား မိခင်ကြီးဒေါ်တင်တင်ရီအား အမှူးထား၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုတို့က စက်တင်ဘာ ၁၂ရက်က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ထွန်းမှီ (နတ်မောက်)