
နွားထိုးကြီး၊ စက်တင်ဘာ ၁၈
နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ အမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကို စက်တင်ဘာ (၁၈) ရက်နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

နွားထိုးကြီး၊ စက်တင်ဘာ ၁၈
နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ အမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကို စက်တင်ဘာ (၁၈) ရက်နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီ၊ စက်တင်ဘာ ၁၈
တနင်္သာရီမြို့နယ် မောတောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးညီလာခံကို ဂုဏ်ပြုသော အားဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမလက်စွဲစာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီက မောတောင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သာမြို့နယ် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို (၁၉-၉-၂၀၁၈) နေ့ နံနက်ခင်းမင်္ဂလာအချိန် (၀၉:၃၀) နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြင်းခြံခရိုင်နယ်မြေတာဝန်ခံ တိုင်းကော်မတီဝင် ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင့်၊ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းညွန့်အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင် နယ်မြေမှူးများ၊ ရပ်/ကျေးပါတီကော်မတီဥက္ကဋ္ဌများနှင့် ပါတီဝင်အမျိုးသမီးများ အမျိုးသမီးရေးရာစာတမ်း အသီးသီးဖတ်ကြားတင်သွင်းမည့် အမျိုးသမီးကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပါတီဝင်အမျိုးသား/သမီးအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ပါသည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။ အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်က ဗဟိုအမျိုးသမီးညီလာခံအကြို အမရပူရမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ် ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ က ” အနာဂတ်နိုင်ငံရေး ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မကွေး၊ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့နံနက်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းကော်မတီဝင်များ ဖြစ်ကြသော ဦးအောင်နိုင်၊ ဦးကျော်သူဦးနှင့် မင်းဘူးခရိုင် မင်းဘူး/ စကုမြို့နယ်ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

မုံရွာ၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအခမ်းအနားကို မုံရွာမြို့နယ် ပါတီရုံး၌ ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီကော်မတီဝင် မုံရွာခရိုင်တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မုံရွာခရိုင်ပါတီဥက္ကဌ ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မုံရွာခရိုင်အတွင်းရှိ ၄ မြို့နယ် မှ သင်တန်းသား / သူများ စုစုပေါင်း (၆၅) ဦး တက်ရောက်ကြပါသည်။

ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် တင်သွင်းထားသော ရှေးဟောင်းမြို့တော် ပုဂံဒေသကို နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများကောင်စီ ICO-MOS အဖွဲ့မှ ပညာရှင်တစ်ဦး ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေးနေပြီဖြစ်သည်။ ICOMOS အဖွဲ့မှပညာရှင် ဩစတြေးလျနိုင်ငံသား မစ္စတာ ဟာရစ်ချက်မာကေး သည် ရှေးဟောင်းမြို့တော် ပုဂံဒေသ ယူနက်စကိုစာရင်းဝင်ရန် မြန်မာ အစိုးရက တင်သွင်းထားသည့် အချက်များ နှင့် မြေပြင်အခြေအနေ ကိုက်ညီမှု ရှိ၊ မရှိ ယမန်နေ့က စတင်ကွင်းဆင်းစစ်ဆေးသည်။

ကောလင်း စက်တင်ဘာ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒသကြီးကော်မတီဝင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်ကိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းဇော်မြင့်၊ ကောလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ ပါတီအတွင်းရေးမှူး ဦးအောင်စိုးနိုင်နှင့် ပါတီကော်မတီဝင်များ၊ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့် ပြည်သူ့ဆက်ဆံရေး (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၈/၂ဝ၁၈) သင်တန်းသားများ စုပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီတွင် ကောလင်းမြို့ ကျော်ဇေယျာ (၁) ရပ်ကွက်ရှိ သုနန္ဒာရာမကျောင်းတိုက် ဆရာတော် ဦးသုနန္ဒအား ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဝတ္ထုငွေများ ဆက်ကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၁၇
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယမန်နေ့က ကြာအင်းဆိပ်ကြီးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပခဲ့ သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ကော်မတီဝင် ဦးစောမြဝင်း၊ ပြည်နယ်အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်စန္ဒာဦး၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဖြူစင်ဝင်းထွန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကော်မတီဝင် ဘုရားသုံးဆူမြို့နယ်တာဝန်ခံ ဦးခိုင်ဝင်း၊ မြို့နယ်လူငယ်ရေးရာကော်မတီဝင် ဦးချိုလေး၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်မိုးသူခိုင်နှင့် ဒေါ်အေးညိမ်းတို့ တက်ရောက်ခဲ့ကြသည်။