
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်း ထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာအစိုးရကို တောင်းဆိုလိုက် ပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်း ထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာအစိုးရကို တောင်းဆိုလိုက် ပါတယ်။

လွိုင်ကော် – စက်တင်ဘာလ ၂၁

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါအဖွဲ့ဟာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၊ Fort William မှာရှိတဲ့ အိန္ဒိယ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကြာသပတေးနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ ပူနီမြို့မှာ တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့တဲ့ ဘင်းမ်စတက် ညီလာခံကို တက်ရောက်ဖို့ အိန္ဒိယကို ရောက်ရှိ နေခဲ့ကြတာဖြစ်ပါတယ်။

မြန်အောင်၊ စက်တင်ဘာ ၂ဝ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုခြင်းအားဖြင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ဆည်ရွာအုပ်စု တလုတ်ကုန်းကျေးရွာ အောင်သုခ ဝေဠုဝန်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အခမ်းအနား မစတင်မီ အောင်သုခဝေဠုဝန်ဆရာတော်အား မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့က ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပြီး ဆရာတော်ထံမှ သြဝါဒခံယူခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် အစည်းအဝေးနှင့် လစ်လပ်ကော်မတီဝင်များ ရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မင်းပြားမြို့ ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပြည်နယ်ကော်မတီဝင် ဦးဦးဘသိန်း၊ ခရိုင်ကော်မတီဝင် ဦးသခင်ချို ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်စောသန်း၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးဦးဘစိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်၊ စက်တင်ဘာ ၂၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကျိုက်မရော မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမင်းအောင်မွန်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမ) နေ့တွင် ကျိုက်မရောမြို့နယ် မိကသစ်ကျေးရွာအုပ်စုရှိ မိကသစ်နှင့် လေးအိမ်စုကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ တံတား (၂) စင်းသည် မိုးများ၍ ရာသီဥတုဒဏ်ကြောင့် ပေါက်ပြဲပျိုကျပျက်စီးနေသဖြင့် အစိုးရမှ အဆိုပါကျေးရွာ၏ အဓိကကျသောလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား (၂) စင်းအား အမြန်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းအား မေးမြန်းခဲ့သည်။

တံတားဦး၊ စက်တင်ဘာ ၂ဝ
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲကို စက်တင်ဘာ (၂၀) ရက်နေ့ နံနက် ၉ နာရီက အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂ဝ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသရေးအဖွဲ့သည် စက်တင်ဘာ (၂၀) ရက်နေ့နံနက် ၉ နာရီခွဲက (၃၈) ရပ်ကွက် ဆရာဖေလမ်းရှိ သန္တိသုခဓမ္မာရုံတွင် သွားနှင့် ခံတွင်းရောဂါဝေဒနာရှင်များအား အခမဲ့ ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးကြောင်း သိရသည်။

မုံရွာ၊ စက်တင်ဘာ ၂ဝ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သုံးရက်ကြာ သင်ကြားပို့ချပေးသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မုံရွာခရိုင် မုံရွာမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲကို ယခုလ ၁၈ ရက်က ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်တကွ တိုင်းဒေသကြီး ပါတီကော်မတီဝင်များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ (၂၀) ရက်နေ့တွင် သင်တန်းကျင်းပပြီးစီးခဲ့ခြင်းဖြစ်သည်။

မကွေး၊ စက်တင်ဘာ ၂ဝ