တောင်တွင်းကြီး ၊ ဇူလိုင် ၁၆
တောင်တွင်းကြီးမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် ဆတ်သွားစုရပ် ရပ်မိရပ်ဖများ၏ ရေနွေးကြမ်း စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။ အဆိုပါ စကားဝိုင်းသို့ ဗဟိုကော်မတီဝင် ဦးသန်းဝင်း၊ တောင်တွင်းကြီး မြို့နယ်ဥက္ကဌ ဦးကြည်သိန်း၊ မြို့နယ် ကော်မတီဝင် ဦးဌေးဦးတို့ တက်ရောက်ခဲ့ပြီး ရပ်မိရပ်ဖ များနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။