
တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်ပါဝင်မယ်လို့ သိရပါတယ်။ ဇူလိုင် ၂ ရက်နေ့မှာ ကျင်းပမယ့် MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်ဟာ ရုရှားနိုင်ငံသား ဘူဒိုရင်နဲ့ယှဉ်ပြိုင်မှာဖြစ်ပြီး အခုပွဲအနိုင်ရရင် ကမ္ဘာ့ချန်ပီယံ လုပွဲကို ယှဉ်ပြိုင်ခွင့်ရဖို့ အခြေအနေကောင်းတယ်လို့ သိရပါတယ်။ မစ်ဒယ်ဝိတ်တန်းမှာ အောင်လအန်ဆန်ဟာ ၂၆ ပွဲယှဉ်ပြိုင်ထားပြီး ၁၇ ပွဲနိုင်ကာ ၉ ပွဲရှုံးထားပါတယ်။









