
ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဟု စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်က အတည်ပြုပြောသော်လည်း ဆွစ်ဇာလန်မှ စတန်ဝေါ်ရင်ကာကမူ ကျောဒဏ်ရာကြောင့် အိုလံပစ်ပြိုင်ပွဲကို လွဲချော်တော့မည်ဖြစ်သည်။
၂၀၀၈ အိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် နာဒယ်သည် လက်ကောက်ဝတ်ဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းမှ နုတ်ထွက်ခဲ့ပြီး ၀င်ဘယ်ဒန်ပြိုင်ပွဲနှင့် လွဲချော်ခဲ့ကာ အိုလံပစ်ပွဲအမီ ပြန်ကောင်းမည် လားဆိုခြင်းကို သံသယ ရှိခဲ့ကြသည်။












